Episode^26^

5.4K 561 33
                                    

Wang လုပ်ငန်းစုနဲ့ Xiao လုပ်ငန်းစု...

တရုတ်နိုင်ငံရဲ့ထိပ်သီး မိတ်ဖက်စီးပွားရေးလုပ်ငန်းစုတွေဖြစ်တဲ့ အပြင် ပြည်တွင်း ပြည်ပပါမကျန် လွှမ်းမိုးမှုအားမြင့်မားလွန်းလှတယ်...။ သူတို့လုပ်ငန်းစုနှစ်ခု သစ္စာရှိရှိနဲ့ လက်တွဲခဲ့တာ... ၁၀နှစ်နီးပါးရှိနေပြီ... ။
ဆယ်စုနှစ်အတွင်း လုပ်ငန်းအရကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်ခဲ့သလို လူမှုရေးအရလဲ မိသားစုနှစ်ခုဟာ သိပ်ကိုရင်းနှီးနေခဲ့ကြပါပြီ...။

Wang လုပ်ငန်းစုရဲ့ ဥသျှောင် သခင်လေးသတင်းတွေက တော့ သင်းသင်းပျံ့ပျံ့ပါပဲ။ ၁၈ နှစ်မပြည့်မချင်း မီဒီယာရှေ့ မထွက်ခဲ့တဲ့ ၀မ်သခင်လေးဆိုပေမယ့် အသက် ၁၇ နှစ်တုန်းက
ကျောင်းပေါင်းစုံပြိုင်ပွဲမှာ basketball ကစားတဲ့ပုံတွေက အရှေ့တောင်အာရှတခွင် ဟိုးလေးတကျော်ကျော်ဖြစ်သွားရသေးတယ်...။
Security အပြည့်နဲ့ကျောင်းကိုတက်ရတဲ့အပြင် ၀မ်သခင်လေးရဲ့လုံခြုံရေးကိုအကြောင်းပြုပြီး နိုင်ငံရဲ့ အကောင်ကြီးကြီးမိသားစုတွေရဲ့ pirvacy နဲ့ပတ်သတ်လို့ အစိုးရက ဥပဒေထုတ်ခဲ့တဲ့အထိ ကြီးကြီးကျယ်ကျယ်အသိုင်းအ၀ိုင်းထဲ ၀မ်ရိပေါ်က ရှင်သန်နေထိုင်ခဲ့ပါတယ်။ သဲသဲလှုပ်အလိုလိုက်မဲ့ အဖိုး၊ အဖွား၊ အဖေ၊ အမေ စုံစုံလင်လင်ကြားထဲမှာ လှလှပပ ကြီးပြင်းခဲ့တဲ့ ၀မ်သခင်လေးရဲ့ကမ္ဘာက ရှောင်ကျန့်နေထိုင်ရတဲ့ ကမ္ဘာနဲ့တော်တော်ကြီးတော့ အလှမ်းဝေးတယ်

မစ်စတာရှောင်အိုက်က ကနေဒါကပြန်ရောက်တာ ၂ ရက်ရှိပြီ။
အခုချိန်ထိသတိနဲ့နေ သတိနဲ့စားနေတဲ့အခြေအနေပဲရှိသေးတာမို့လို့
ဆရာဝန်ညွှန်ကြားချက်တွေအတိုင်းပဲ တသွေမသိမ်း
နေထိုင်နေရတယ်... ။
ရှောင်ကျန့်ဆီလွှဲပေးထားရတဲ့ ကုမ္ပဏီကိုလဲ လစ်လျူရှုလို့မရသေးတာကြောင့်
သူ့ရဲ့ share ရှင်တွေကို အစည်းအဝေးသက်သက်ခေါ်ဖို့
စီစဉ်လိုက်ရပါတယ်။ ဒီရက်ပိုင်းတွေမှာ မစ်စတာရှောင်အိုက် ရော ရှောင်ကျန့်ရောက ကုမ္မဏီကိစ္စအပြင် အမှုကိစ္စအတွက်ပါ အလုပ်တွေ သိပ်များမှာပါ။ အဲ့လိုဆိုရင်တောင်
ရှောင်မားမားရဲ့ နှစ်ပတ်လည်ကတော့ မမေ့မပျောက်ပေါ့ ။
ရှောင်ကျန့်ကိုထားခဲ့ပြီး တကိုယ်ကောင်းဆန်ဆန်ထွက်ခွာသွားခဲ့တာ
၁၂နှစ်တောင်ရှိခဲ့ပြီ....။

Story Of Anastasia Where stories live. Discover now