Episode^19^

5.5K 653 53
                                    

" မား! "

" ဪ ရောက်လာကြပြီလား "

မျက်စိ ၊ မျက်နှာပျက်နေသော ၀မ်ရိပေါ်ကို ကျော်ကာ ၀မ်မာမားက
ဘာမှမဖြစ်သလိုလေး နှုတ်ဆက်တယ် ။ မားဘေးက ရှောင်ကျန့်
မျက်နှာမှာလဲ အံ့ဩရိပ် အနည်းငယ်ကို ဖမ်းမိခဲ့ပေမယ့် သူ့ပုံစံက တအားကို ပုံမှန်ဆန်နေခဲ့ပါတယ်။ ရိပေါ်ဖွဖွကိုင်ထားတဲ့ လက်ပိုင်ရှင်ကတော့ တုန်ရီနေပြီ...။

" ကျန့်ကျန့်က နေမကောင်းဖြစ်ထားတော့ အိမ်မှာ မားကိုယ်တိုင် ရှယ်ချက်ထားတာနဲ့ သူ့ကိုပါထမင်းစားဖိတ်လိုက်တာလေ "

" ကျစ် မားကဗျာ "

ရိပေါ်ရဲ့ ကျစ်စုတ်သံကြောင့် လွယ်အိတ်ကောက်လွယ်ကာ ရှောင်ကျန့်က ထပြန်ဖို့လုပ်တယ်။

" ရိပေါ် မင်းဘယ်လိုပြောလိုက်တာလဲ "

" ရတယ် အန်တီ ကျွန်တော်က စကားပြောချင်ရုံပါ။ နောက်တစ်ခါကျမှ ဆက်ဆက်လာစားပါ့မယ် "

" ကျစ် အဲ့လိုမဟုတ်! ဟား "

အိခနဲမျက်ရည်ဝဲလာသော သူ့နံဘေးကကောင်မလေးကြောင့်
ဝမ်ရိပေါ်လဲ စိတ်တွေထွေပြားနေပြီ။ မားကိုယ်တိုင်က တစ်ထစ်လျော့ပေးမယ်ဆိုပြီး အိမ်ကိုထမင်းစားဖိတ်ခိုင်းတာကြောင့်
သူကိုယ်တိုင် လုဇီက ကြောက်နေတာတောင် မရမကခေါ်လာခဲ့ရတာ။ အခုက ဘာကြီးလဲ...။ မား ဘာတွေလုပ်နေတာလဲ!

" အန်တီက မွေးရပ်မြေကို လပိုင်းလောက်အထိပြန်မှာမို့လို့ အကုန်လုံးနဲ့ လက်ဆုံစားချင်တာကိုကွယ် ဘာလဲ အချင်းချင်းအဆင်မပြေကြဘူးလား "

ထိုတော့မှ လုဇီက ပြာပြာသလဲဝင်ဖြေရှင်းချက်ထုတ်ပါတယ်။

" အဲ့လိုမဟုတ်ပါဘူး အန်တီ "

" ကဲ ကဲ ဒါဆိုဘာကိုစောင့်နေကြတာလဲ ဗိုက်ဆာနေလောက်ရောပေါ့ ကျန့်အာလဲ ထမင်းစားပြီးမှပြန် ဘယ်လောက်မှ ကြာမှာလဲမဟုတ်ဘူး "

တအားကိုစိတ်အားထက်သန်နေတဲ့ ၀မ်မာမားကြောင့် ဘယ်သူမှမပြောသာတော့ဘူး။ ၀မ်ရိပေါ်လဲ စိတ်ပျက်တဲ့ မျက်နှာမျိုးဖြစ်နေပေမယ့် ရှောင်ကျန့်ရှေ့မှာ လုဇီလက်ကိုဆွဲပြီး ထွက်သွားတာမျိုးအထိတော့ မလုပ်နိုင်လောက်ဘူး။ ပြီးတော့ ရေရှည်ကိုကြည့်ရမယ်။ လုဇီကိုမာမားက အမြင်ကြည်နေမှဖြစ်မှာ။
ရိပေါ် အဲ့လိုလုပ်လိုက်ရင် မာမားက လုဇီကို ပိုအထင်လွဲသွားနိုင်တာမို့... ။

Story Of Anastasia Where stories live. Discover now