Episode^35^

5.4K 455 33
                                    

ဟိုရှေးရှေးတုန်းက ကြောင်မဲလေးတစ်ကောင်ရှိသတဲ့...
အယူသီးတဲ့နေရာဒေသမှာ မဲနက်နေတဲ့အမွှေးလေးနဲ့
ခိုလှုံစရာသခင်လိုအပ်တဲ့ အိမ်မွေးတိရိစ္ဆာန်မမည် ထိုကြောင်မဲလေးကို လိုချင်တဲ့သူမရှိခဲ့ပါဘူး...။ သူ့မှာ လှပတဲ့ အမွှေးအတောင်မှမရှိတာလေ... ။ ဒါပေမယ့် သူဟာ တစ်နေ့မှာ အထီးကျန်နေတဲ့ သခင်တစ်ယောက်ကို ရှာတွေ့သွားခဲ့တယ်...။

သခင်ကသူ့ကိုအရသာရှိတဲ့ နို့တွေ အများကြီးတိုက်တယ်...။
သူက ငါးစားရတာကို ပိုကြိုက်ပေမယ့်လဲ အားလုံးကို ကုန်အောင်သောက်ပြစ်လိုက်တယ်။ စည်းကမ်းရှိတဲ့ နိုင်ငံမှာ
သူ့အတွက် အစားအစာရှာရတာ သိပ်ခက်ခဲတာမို့ သခင့်ကို ထွေးဖက်ပေးချင်လာအောင် သနားစရာ မျက်လုံးတွေနဲ့
ကြည့်လိုက်တော့ သခင်က သူ့ခေါင်းလေးကို ပွတ်သပ်ပေးပါတော့တယ်...

အဲ့ဒါက အရမ်း နေလို့ကောင်းတယ်...။ ပြီးတော့ သခင်က နောက်နေ့ကျရင် မင်းကိုလာခေါ်မယ်လို့ ကတိပေးပြီး ထွက်သွားတယ်။ ကြောင်မဲလေးဟာ ပြေးလိုက်ချင်ပေမယ့်
သူ့ကို နို့အများကြီး တိုက်ခဲ့တဲ့ သခင်ကို စိတ်အနှောက်အယှက် မပေးချင်ဘူး... ။ သူ့ကို သခင့်လောက် ဘယ်သူမှ ကြင်နာခဲ့တာ မဟုတ်ဘူးမလား...။ တစ်ခေါက်လောက် အချစ်ခံရတာဟာ
သိပ်ကောင်းတာပဲ...

နောက်နေ့တွေမှာ သူဟာ သူနေတဲ့နေရာက မနည်းဝေးတဲ့
ထိုနေရာလေးကို လာပြီး သူ့သခင်ကို မျှော်တတ်တယ်။
ဘယ်သူမှ မပွတ်ပေးချင်တဲ့ သူ့အနက်ရောင် ခေါင်းလေးကို
ပွတ်သပ်ပေးစေချင်လ်ို့ပါပဲ...။ ဒါပေမယ့် နွေ မိုး ဆောင်းသာ
ကူးပြောင်းသွားတယ် သူ့သခင်က တကယ်ပဲ သူ့ဆီ ရောက်မလာခဲ့ဘူး...။ ဒါကို နားလည်လာတဲ့ ကြောင်မဲလေးက သက်ပြင်းချပြီး သူ့ခေါင်းလေးသူ ဝမ်းနည်းစွာ ဝှက်ထားလိုက်ပါတော့တယ်.... ။ သခင်က သူ့ခေါင်းလေးကို
တကယ် မပွတ်ပေးချင်ဘူးထင်ပါတယ်..

ဒါ...လူတွေပြောသလိုပဲ သူက အနက်ရောင်ကြောင် ဖြစ်နေလ်ို့ ကံဆိုးတာပဲ ဖြစ်ပါလိမ့်မယ်...

~~~~~~~~~~~
မျှော်လင့်ချက်တွေ ကိန်းအောင်းနေခဲ့သော နွေဦး ...

နွေဦးဆိုတဲ့ ရာသီကို စဉ်းစားမိလိုက်ရင်
ချယ်ရီတွေ ဝေဖြာနေတဲ့ လမ်းငယ်လေးကိုရော ... လေပြေနုနုကိုရော ကျေးငှက်ကလေးတွေရဲ့ တကျီကျီမြည်သံလေးတွေကိုရော တွေးမိကြမှာပါ...။ ပြန်တွေ့မယ့် အဲ့ဒီ့နေ့လေးမှာလဲ
နေသာနေပါလိမ့်မယ် ပြီးတော့ ကောင်းကင်ကြီးက ကြည်လင်နေပြီး
တန်ဖိုးကြီး ကြွေထည်လို တောက်ပလွန်းတဲ့ မျက်လုံးလေးတွေကို သူနွမ်းနယ်စွာ အလွမ်းသယ်နိုင်မယ်...။
ဒါမှမဟုတ် ထိုနေ့က မိုးတွေအုံ့မှိုင်းနေတဲ့ စိုစွတ်စွတ်နေ့ ဖြစ်ခဲ့မယ် ဆိုရင်လဲ မဆိုးပါဘူး...။ မဲမှောင်နေတဲ့ ကောင်းကင်ပြင်ကြီးအောက်မှာ ရှောင်ကျန့် မျက်လုံးတွေက
ပိုတောင် တောက်ပနေအုန်းမှာပဲ....။

Story Of Anastasia Opowieści tętniące życiem. Odkryj je teraz