Episode^34^

4.2K 452 19
                                    

💬 sent a pic....

💬 မားက လော့ရန်က ချည်သားအင်္ကျီတွေ ၀ယ်လာတယ်...

💬 အိမ်နေရင်း ၀တ်ဖို့ပြောပေမယ့် မောင်တော့ ခဏခဏ ၀တ်ဖြစ်မယ်ထင်တယ် ။ အဲ့ဒါက အရမ်းပေါ့ပါးတယ်...

💬 Good Night နော်... တအားနောက်ကျတဲ့အထိ မနေနဲ့အုန်း...အိပ်ရေးဝမှဖြစ်မှာ သိတယ်မလား..

Mirror selfie ကိုအကျအနရိုက်ထားတဲ့ ပုံလေးပို့ပေးပြီးသူ့ရဲ့ နေ့စဉ် လုပ်ငန်းစဉ်ထဲမှာ ပါဝင်ပတ်သတ်လာတဲ့ ထိုလူသားလေးအား သံတော်ဦးတင်ခြင်း အစီအစဉ်စဧ။်။
အရင်တလောက မားမရှိတော့ ရိပေါ်အစားသိပ်မစားဖြစ်တာမို့
အစာအိမ်တောင် ပြန်အောင့်ချင်လာခဲ့တာ ။ ဒါကိုတော့
ရှောင်ကျန့်ကို မပြောဖို့ဆုံးဖြတ်ထားခဲ့တယ်... ။ အခုတလော တအား အာသီသဖြစ်နေတဲ့ ဘီယာနဲ့ ဆေးလိပ်တွေ ကိုတတ်နိုင်သမျှရှောင်နေပေမယ့် ရှောင်ကျန့်ကို သတိရလွန်းရင် ၁လိပ် ၂လိပ်တော့ သောက်ဖြစ်သွားတာပဲ။ အခုမှ.... ရိပေါ်တို့သားအဖပြန်အရောက်ကို ထမင်းဝိုင်းနဲ့ စောင့်ကြိုတတ်သော မား ရဲ့တန်ဖိုးကို သိသွားတယ် ဟုဆိုရမလား...။ လူတွေက ငါဆိုတဲ့အတ္တစွဲနဲ့ ကိုယ့်အတွက်ကိုယ်ပိတ်လှောင်ပြီး ကိုယ့်အတွက် ဖြစ်တည်ဖြည့်ဆည်းပေးနေတဲ့ လူတွေကိုကျ တော်တန်ရုံမမြင်တတ်ကြဘူး...။ ဝေးရမှ လွမ်းရမှ နဖူးတွေ့ဒူးတွေ့ ကြုံရကာမှ နောင်တတရားနဲ့ အောက်မေ့တသဖြစ်နေရတာမျိုးကို
ရိပေါ်ကောင်းကောင်းကြီး နားလည်နေပါပြီ...။
ဒါကြောင့် လူဆိုတာ နောင်တတရား၊ နာကျင်မှုနဲ့ သင်ခန်းစာတို့်ကို ရောစပ်ပြီး ကြီးပြင်းလာတဲ့ ဒြပ်ပေါင်းကြီးတစ်ခုလို့ပြောရမလား...?

အစမ်းစာမေးပွဲက ပြီးသွားခဲ့ပြီ...။  သူကောင်းကောင်းတော့ ဖြေနိုင်ခဲ့ပါတယ်။ ရှောင်ကျန့်လဲ ဖြေနိုင်တယ်လို့ ကျိုးချန်ဆီက ကြားခဲ့တယ်...။ ကိုယ်ကိုယ်တိုင်သာ မစားဖြစ်တာ ရိပေါ်က သူ့အချစ်ကလေးအတွက်တော့ တစ်နေ့တစ်မျိုးမရိုးရအောင် သွားပို့ပေးနေကျ...။ နောက်တစ်ခါလာမယ့် စာမေးပွဲက Final ဖြစ်တာကြောင့် ကျောင်းမှာ အချိန်ပို class တွေနဲ့ အားလပ်တယ်ကို မရှိဘူး ။ နောက်ဆုံး project တစ်ခုကလွဲပြီး လုပ်ငန်းခွင်ကလဲ ခဏ အနားယူထားရတယ်။ Feb ရောက်ရင် တစ်လလုံးကျောင်းနားကာ March လအတွင်းဖြေရမယ့်
Final အတွက် ပြင်ဆင်ကြရမှာမို့လို့ ရိပေါ်အတွက် သူ့စိတ်ကိုသူ စုစည်းရတာ ပင်လယ်ကမ်းခြေက သဲတွေကို တစ်ဆုပ်ချင်း လိုက်ကောက်နေရသလို ဖြစ်နေတယ်...။

Story Of Anastasia Onde histórias criam vida. Descubra agora