Episode^10^

5.2K 625 113
                                    

" ရိပေါ် ငါ့အတွက်ပင်ပန်းနေပြီလား ဟင် "

ကားမောင်းနေတဲ့ ရိပေါ်က တစ်ချက်စောင်းကြည့်လာပြီး
လက်တစ်ဖက်က လုဇီလက်စီ ဖွဖွလေးအုပ်ကိုင်လိုက်တယ်...

" ဟင်း ကိုယ်တို့နှစ်ယောက်တွေ့နေချိန် ဒါတွေကိုခဏမေ့ထားရအောင်.... နော်"

"အင်းပါ...ငါလေ ပါပါး မတရားခံခဲ့ရတာတွေကို ပြန်ဖော်ထုတ်ချင်တာ "

ရိပေါ်က ဘာမှမသိသလို ခပ်ဖွဖွပြုံးတယ်....

" အဲ့လိုဖြစ်စေရမှာပေါ့ "
.
.
.

" ရိ...ရိပေါ် ဟိုမှာ စက်ဘီး !! "

စိတ်တွေလွင့်နေတဲ့ ရိပေါ်က
လုဇီအသံအဆုံး အလန့်တကြား ကားဘရိတ်ကိုဆောင့်အုပ်လိုက်ရတယ် ၊၊

ဒီလို ကျောင်းဆင်းချိန်တောင်ကျော်နေတာကို ကျောင်းဝန်းထဲ စက်ဘီးစီးနေတာမျိုး ရှိလို့လား ...? စက်ဘီးရော လူရောခွေခနဲလဲသွားတာကို သိလိုက်တာမို့ရိပေါ် ကားပေါ်ကဆင်းလိုက်တယ်...

အဲ့အချိန်မှ ခေါင်းတည့်တည့်ကိုမိုးကြိုးပစ်တာပဲ....
ဒီဖြူနုနေတဲ့အသွင်လေးနဲ့ ရင်းနှီးနေတဲ့ကျောပြင်လေးက ဘယ်သူမို့လို့လဲ....ရင်ထဲစိုးထိတ်မှုနဲ့အတူ ထိုလူသားဆီကိုပြေးမိတော့တယ်

" ရှောင်ကျန့် ! "

" အာယား ဝမ်သခင်လေး ပြိုင်ဖက်ဖြစ်ပြီဆိုတာနဲ့ ကားနဲ့တိုက်သတ်တော့မလို့လား "

" တောက်စ် ဒီအချိန်ကြီး ဘာလို့ဒီမှာရှိနေတာလဲ မင်း !!!!"

" ဘာတုန်း စက်ဘီးစီးလေ့ကျင့်နေတာလေ ငါ့ဟာငါ ဘာလို့လာအော်နေတာလဲ !! "

ဒါပါပဲ အဲ့ဒါ ရှောင်ကျန့်ပဲ...၊၊
သူတစ်ပြန် ကိုယ်တစ်ပြန်
အော်ပြီးတော့မှနေသာထိုင်သာရှိသွားသလို...
ယောင်ကိုင်းနေတဲ့ ခြေကျင်းဝတ်နုနုသေးသေးလေးကြောင့်
ရင်ထဲမိုးရွာနေသူက ရိပေါ်...၊၊ ခြေကျင်းဝတ်က သူထိလိုက်ရင် ပိုနာသွားလောက်လား..?

" ထ...ဆေးခန်းသွားမယ်..."

" ရိပေါ် အဆင်ပြေရဲ့လား"

အော်သံတွေကြားတာကြောင့် ကားပေါ်ကအပြေးအလွှားနဲ့ လုဇီ ကဆင်းလာပြီး အထိတ်ထိတ်အပြာပြာနဲ့ ရိပေါ်လက်မောင်းတစ်ဖက်ကို
လာတွဲတယ် ၊၊

Story Of Anastasia Dove le storie prendono vita. Scoprilo ora