၂။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)

8K 1.4K 51
                                    

[Unicode]

ဗီလာက မူလစစဝယ်တုန်းက ပါတီများပေးဖို့အတွက် ရည်ရွယ်ထားတာဖြစ်သည်။ ဒါကြောင့် နည်းနည်းပိုကြီးပြီးတော့ အိမ်အကူများလည်း နည်းနည်းပိုရှိသည်။

သိလိုစိတ်အပြည့် များပြားလှသော မျက်ဝန်းတွေကိုရင်ဆိုင်ရချိန် ကျောင်းချီတစ်ယောက် အင်မတန်ရှက်ရွံ့သွားပြီး မျက်နှာကို မသိမသာကွယ်လိုက်မိသည်။
"သူက နောက်နေတာ၊ သွားတော့၊ မင်းတို့အားလုံးအလုပ်များနေတာမလား"

လူအုပ်ကြီး ကွဲသွားတာကိုမစောင့်ဘဲ ကျန်းချန်ဖေးက ရုတ်တရက် ကျောင်းချီကို သူ့ပခုံးပေါ်တင်လိုက်ချိန် အလန့်တကြား ထအော်မိခဲ့သည်။

ကျန်းချန်ဖေး၏ ခြေတံရှည်များက ဒုတိယထပ်ကို ခြေလှမ်းကျဲကြီးများနှင့် လှမ်းသွားခဲ့သည်။ လျှောက်လာရင်း သူက ရုန်းနေတဲ့ သူ့ဇနီးလေးရဲ့တင်ပါးကို ရိုက်ခဲ့သေး၏။

ဘဏ္ဍာစိုးမှာ မျက်နှာရဲနေသော အိမ်အကူတွေနဲ့အတူ ထွက်လာခဲ့သည်။ ဒီနေ့ခေတ်လူငယ်တွေ အကြိုက်အကြောင်းပြောတဲ့အခါ ဒီလူကြီးတွေ တဖြည်းဖြည်းနဲ့နားမလည်နိုင်တော့ပေ။

"ဘဏ္ဍာစိုး၊ ညစာကဘယ်လိုပြင်မှာလဲ"
ကျန်းချန်ဖေးက ဒုတိယထပ်ဆီမတက်ခင်မေးလိုက်၏။ ကြားရက်တွေမှာ သူတို့ကမြို့ထဲမှာပဲနေတတ်ကြတာဖြစ်သည်။ ပြီးတော့ ကြိုပြီးသတိပေးမှုမရှိဘဲ မီးဖိုချောင်က သူတို့သခင်တွေရဲ့ ညစာကို မပြင်ဆင်ထားမိခဲ့ပေ။

ဘဏ္ဍာစိုးကိုမစောင့်တော့ဘဲ ကျန်းချန်ဖေးက ညွှန်ကြားလိုက်သည်။
"ဆန်ပြုတ်ပြုတ်ပြီး နွှေးထားပါ၊ ခဏနေရင်ဖူးရန်လာစားလိမ့်မယ်"

ဖူးရန်ခမျာမှာတော့ ဆန်ပြုတ်သောက်ရန် သူ့ကိုယ်သူ မပူပန်နိုင်သေးပေ။ ဘာကြောင့်လဲဆိုတော့ သူတို့အိပ်ခန်းထဲဝင်ဝင်ချင်း အိပ်ရာပေါ်တန်းပစ်တင်ခံလိုက်ရရှာသည်။ သူက ခေါင်းခါကာ ထထိုင်ဖို့လုပ်ရင်းဆဲတော့သည်။
"ကျန်းတာ့တျောင်း၊ ခင်ဗျား လီးဖြစ်..."

...သို့သော်ငြား သူ့စကားများမှာ တစ်ဝက်တွင်ရပ်တန့်သွားလေသည်။ ထိုလူက အထဲဝင်လာပြီး သူ့ရှပ်အင်္ကျီများကိုသူ အကြမ်းပတမ်း ချွတ်လိုက်စဉ် ချောမွတ်ပြီးမျက်စိကျိန်းစရာ ကြွက်သားမျှောင်များပေါ်လာလေသည်။ သူက အောက်နှုတ်ခမ်းကို ဖြည်းဖြည်းချင်းသပ်ကာ မျက်ဝန်းများကတော့ ပြင်းထန်သည့် ရမ္မက်၊ အန္တရာယ်များနှင့် တပ်မက်မှုများပြည့်နေသည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Där berättelser lever. Upptäck nu