၄၆ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ

2.5K 478 2
                                    

[Unicode]

ကျောင်းချီ ဆေးသောက်ပြီး အိပ်ရာစောစောဝင်သွားခဲ့သည်။ သူ့ Smart Brain အန်နီက အလိုအလျောက် မနှောင့်ယှက်ရ ပုံစံပြောင်းသွားခဲ့သည်။ မစ္စတာရှူးဂါးဒယ်ဒီသည် အိပ်ရန် စိုးရိမ်နေသေးဆဲပင်။ သူ့ချစ်ဇနီးလေး ‌ဖျားမည်ကိုစိုးရိမ်၍ ဘေးတွင်ထိုင်ပေးကာ ဗီဒီယိုဂိမ်းများကစားနေလိုက်သည်။

သူ "နဂါးငွေ့တန်းကျက်သရေ" ကိုဖွင့်လိုက်ကာ မစ်ရှင်အချို့နှင့် လျှို့ဝှက်မြေပုံတချို့ ကစားလိုက်သည်။ ပြိုင်ကွင်း ဖွင့်‌သည့်အချိန်တွင် သူ ပြိုင်ကွင်းဆီ သွားခဲ့၏။ သူ ဝင်ဝင်ချင်း တိုက်ရိုက်ထုတ်လွှင့်နေသည့် နတ်ဆိုးဘုရင်အား သတိပြုမိသွားခဲ့၏။

【Art: ဘော့စ်ကို တွေ့ရတာ ရှားတယ်နော်၊ ကျေးဇူးပြုပြီး ကျွန်တော် levelတက်‌အောင် ကူညီပေးပါဦး၊ နှစ်ယောက်ပြိုင်ပွဲတွေကစားဖို့ အဖွဲ့ဖွဲ့ကြရအောင်】


သူတို့ အင်ဂျင်နီယာအတွက် ဒီဇိုင်းဖန်တီးပေးထားသော ရွှေရောင်သံချပ်ကာ beta အကောင့်နာမည်ကို "တော်ဝင်အရာရှိ" မှ "ဖေးကော" အဖြစ် ကျန်းချန်ဖေး ပြောင်းလိုက်သည်။ သူ ကာရိုက်တာ၏ သံချပ်ကာကိုလည်း ဂန်းစတားဘော့စ်အတွက် ပိုသင့်တော်သည့် အနက်ရောင်သံချပ်ကာသို့ ပြောင်းလဲခဲ့သည်။ သူ နတ်ဆိုးဘုရင်၏ ဂိမ်းအကောင်ကို ထုထောင်းခဲ့ချိန် သူတို့အချင်းချင်း contact ထဲတွင် ထည့်ထားကြ၍ မည်သည့်ပြောင်းလဲမှုလုပ်လုပ် နတ်ဆိုးဘုရင်သည် သူ့အကောင့်ကို မှတ်မိလိမ့်မည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်များသည် ကျန်းချန်ဖေးကိုမြင်ချိန် ချက်ချင်း စိတ်လှုပ်ရှားကုန်ကြသည်။

"ဝိုး၊ ပါးပါးချန်ဖေးကို ဒီမှာမြင်ရတာ ရှားတယ်နော်!"

"ဟားဟားဟားဟား Artရေ မင်းက level ထိပ်ဆုံးထိရောက်နေပြီလေ၊ အကူအညီမှမလိုတာ"

"ဂိမ်းက လူတွေဆီ ထုတ်လွှင့်ကာစလေ၊ ဒါကြောင့် နေ့တိုင်း နာရီနဲ့ချီ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ရတဲ့ တင်ဆက်သူဖြစ်တာကလွဲရင် လုပ်စရာနည်းနည်းလေးပဲရှိတယ်၊ level ထိပ်ဆုံးရောက်တဲ့ လူက အများကြီးမရှိသေးတာမို့ သူ တကယ် ပါးပါးချန်ဖေးကို လိုအပ်တယ်!"

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now