၃၀ ။ ဂန်းစတားကိုကို

3K 609 86
                                    

[Unicode]

ခင်ဗျား ကလေးလွယ်ပေးချင်နေကြတဲ့ လူတွေရာချီထောင်ချီရှိတယ်လား။

ကျောင်းချီ မျက်ခုံးပင့်ကာ ဂန်းစတားလူကြီးမင်း၏ မျက်နှာကို ဆွဲညှစ်လိုက်သည်။
"တကယ်လား၊ ဘယ်သူက ခင်ဗျားလိုဟတ်စကီးကို ကလေးမွေးပေးမှာလဲ"

"ဘယ်သူက ကျန်းချန်ဖေးဆိုတဲ့ ငါ့ကို ငြင်းရဲမှာလဲ"
ဂန်းစတားဘော့စ်သည် သူ့ဇနီးလေး သူ့ဆွဲဆောင်မှုအပေါ် အထင်သေးနေသည်ဟု ထင်မိသည်။

"ပြောရရင် လီမိသားစုက ကိုယ့်အိပ်ရာနွေးအောင် သူတို့သားအငယ်ဆုံးကို ကိုယ့်ဆီပို့ပေးဖို့ကြိုးစားနေတာလေ"

လီမိသားစု.. အငယ်ဆုံးသား... အဲဒါ လီယွင်ကျင်းမဟုတ်လား။

‌ကျောင်းချီထိတ်လန့်မိသွားတော့သည်။

သူ့ချစ်ဇနီးလေး မျက်လုံးပြူးသွားသည်ကိုမြင်တော့ မစ္စတာတိအောင်း နောင်တရသွားခဲ့ပြန်သည်။ သူဘယ်လိုလုပ် အမြဲ စကားပြောမှားရသည်လဲ! သူ လီယွင်ကျင်းကို ဂိမ်းအကောင့်ပေးမိခဲ့၍ ကျောင်းချီအထင်လွဲကာ သူ့ကလေးနှင့် ထွက်သွားခဲ့ခြင်းပင်။ တကယ်က သူ လီယွင်ကျင်းအား သတိပေးရန် ဂိမ်းအကောင့်ပေးမိလိုက်ခြင်းဖြစ်သည်။ ထိုအခါမှသာ ဖြူစင်ပြီး ယုံလွယ်သည့် ချစ်စရာဇနီးလေးအား လီယွင်ကျင်းနှင့် ဝေးဝေးထားနိုင်မည်ပင်။


"လီမိသားစုက အဲရည်ရွယ်ချက်ရှိမယ် မထင်ဘူးနော်..."
ကျောင်းချီ ခပ်တိုးတိုးပြောလိုက်သည်။ မိသားစုက လီယွင်ကျင်းကို ကျန်းတာ့တျောင်းအတွက် အိပ်ရာဖော်အဖြစ် ပို့မည့်ပုံကို စိတ်ကူးယဉ်ကြည့်မိရုံနှင့်တင် ကျောင်းချီ မျက်လုံးများ ဆေးကြောချင်သွားခဲ့သည်။

"သူတို့ဘာအဓိပ္ပါယ်နဲ့ပဲဖြစ်ဖြစ် ငါ သူတို့ကို ငြင်းလိုက်ပြီ"

"ကောင်းပါပြီ၊ ငါ ထွက်မပြေးပါဘူးဆို၊ ရေချိုးပြီး အဝတ်လဲဖို့ အပေါ်ထပ်တက်ပါရစေ၊ ခွေးမွှေးတွေ အင်္ကျီပေါ်မှာ အပြည့်ပဲ"
ကျောင်းချီ သူ့လောင်ကုန်းကို တွန်းထုတ်လိုက်သည်။ သူ့ရှပ်ပေါ်မှ ခွေးမွှေးက ကျန်းတာ့တျောင်းပေါ်တွင် ကပ်သွားပြီး ရွှေရောင်ခပ်ဖျော့ဖျော့‌အမွှေးမှာ ရှပ်အင်္ကျီနက်ပေါ်တွင် အင်မတန်သိသာလှသည်။
"ခင်ဗျားလည်း သွားလဲချေ"

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now