၂၃ ။ ဟတ်စကီး အချစ်

2.8K 624 76
                                    

[Unicode]

အစီအစဉ်မှူးသည် ငါးစက္ကန့်လောက် ကြောင်သွားပြီး ဥက္ကဌကျန်းသည် “ဒါက စီးပွားရေးမှာလုပ်ရမဲ့ အပြုအမူပါ” သို့မဟုတ် “ဥက္ကဌဆိုတာကလည်း ဝန်ထမ်းတစ်ယောက်လိုပါပဲ” နှင့် စိတ်အာဟာရ‌ဖြစ်စေမည့်  အခြားအားပေးစကားအချို့ ဖြေလောက်မည်ဟု တွေးမိခဲ့သည်။

ရယ်သံများ ပရိသတ်များထံမှ ဝါးခနဲထွက်လာလေသည်။《နဂါးငွေ့တန်း ကျက်သရေ》အကြောင်းအရာသည် သိပ္ပံနှင့်နည်းပညာခေတ်လွန်၏ နဂါးငွေ့တန်းအင်ပါယာ အကြောင်းအရာဖြစ်သည်။ အင်ပါယာ၏ တိုက်ပွဲဖွဲ့စည်းခြင်းတွင် ကစားသမားများပါဝင်ပြီး ရန်သူ့တပ်များကိုတော့ ဂြိုဟ်သားအဖွဲ့ချုပ်ဟုခေါ်သည်။ ကစားသမားများသည် တိုက်ပွဲများတွင် အောင်မြင်မှုများ စုဆောင်းခြင်းဖြင့် သူတို့၏ ဇာတ်ကောင်များနှင့် စက်ရုပ်များကို အဆင့်မြှင့်ပြီး အဆသ့်အမျိုးမျိုးရနိုင်၏။ 

"ဥက္ကဌကျန်းက တကယ်ကို ဟာသဉာဏ်ရွှင်တာပဲ" အစီအစဉ်မှူးကတုံ့ပြန်သည်။
"အင်ပါယာကို အမြန်ဆုံးတည်ဆောက်ဖို့အတွက် အချိန်ပိုလုပ်ကိုင်ဖို့လိုတာမို့ အအိပ်ကိုလျစ်လျူရှုပြီး စားသောက်ဖို့တောင် မေ့နေမှာပဲ"

ဂုဏ်ယူနေသော အင်ပါယာအရာရှိကတော့ ်ရှင်းပြဘဲ ကင်မရာအား ကြည်ငြိုချင်စရာ အမှန်တရားဆီ နစ်မြုပ်ထားမှုပြသနေသည့် မျက်နှာထားနှင့် ရိုးရိုးရှင်းရှင်းကြည့်လိုက်သည်။

ဤညီလာခံကို ဗီဒီယိုပလတ်ဖောင်းအချို့တွင် တိုက်ရိုက်ထုတ်လွှင့်ထား၏။ အစပိုင်းပျင်းစရာ ကြော်ညာမှုက ကြည့်ရှုသူများများစားစားကို မဆွဲဆောင်နိုင်ခဲ့သော်ငြား ဒုတိယပိုင်း လုပ်ငန်းခွင်ရှိ အကောင်ကြီးများနှင့် ပင်တာဗျူးသည် ပွဲကြည့်ပရိသတ်များစွာ၏ ကြည့်ရှုခြင်းခံခဲ့ရသေးသည်။ “အင်ပါယာအတွက်” ဆိုသည့် စကားစုထွက်လာချိန် ပွဲကြည့်ပရိသတ်များ ချက်ချင်းပွဲကျကုန်တော့သည်။

【ဟားဟားဟားဟား! ငါ့ပါပါးက နေ့တိုင်း ရွှေစကားကြီးတစ်ခွန်း အမြဲပြောနေတာပဲ!】

My Lover With Split Personalities [မြန်မာဘာသာပြန်]Onde as histórias ganham vida. Descobre agora