၃၃ ။ ဂန်းစတားကိုကို

2.3K 547 51
                                    

[Unicode]

အသက်ရှင်လျက်... ယူသွားနိုင်မလားပဲ... ကြည့်ကြမယ်လေ...

ကိုယ်စားလှယ်သည် သေလုနီးပါး ကြောက်လန့်သွားခဲ့၏။ ရှီးဖေးသည် စာရင်းဝင် ကုမ္ပဏီမှန်း မှတ်မိသော်ငြား ဘာကြောင့် စာရင်းဝင် ကုမ္ပဏီတစ်ခုက ဂန်းစတားအဖွဲ့အစည်းတစ်ခုလိုမျိုး ဖြစ်နေရတာလဲ။ ဘာကြောင့် သေနတ်တွေရှိနေရတာလဲလို့။

သူ ထိုအရာကိုမြင်မြင်ချင်း မစ္စတာကိုယ်စားလှယ်သည် ချက်ချင်းထခုန်ချင်သွားသော်ငြား သူ့အောက်ပိုင်းက ထိုင်ခုံကနေ ခွာခွာချင်း စိတ်ကိုထိန်းချုပ်ကာ သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထပ်တလဲလဲ ပြောနေသည်။ သူ လှုပ်ရှားရန် အင်မတန်တောင့်တင်းနေပြီး ရဲကိုဖုန်းခေါ်ဖို့ Smart Brain အား ထိရန်ပင် လက်ချောင်းများ မလှုပ်ရှားနိုင်လုဖြစ်နေ၏။

လူများကို ရဲဆီ စကားမပြောဘဲ ဖုန်းခေါ်ကာ တည်နေရာပို့နိုင်သော လုပ်ဆောင်မှုတစ်ခုရှိသည်။ မက်ဆေ့ပို့ပြီးကြောင်း သေချာစေပြီးနောက် ကိုယ်စားလှယ်သည် အသက်ပြင်းပြင်းရှူကာ ကျန်းချန်ဖေးနှင့် တည်တည်ငြိမ်ငြိမ် စကားပြောရန် ကြိုးစားလိုက်ပြီး မဆိုစလောက် အားတင်းပြုံးလိုက်သည်။
"မစ္စတာကျန်း၊ ဖြည်းဖြည်းသက်သာလုပ်ပါ၊ အရင်ဆုံး အေးအေးဆေးဆေးစကားပြောကြတာပေါ့၊ ကျွန်တော်တို့ ညှိနှိုင်းလို့ရပါသေးတယ်"

"ဘာမှဆွေးနွေးစရာမရှိဘူး!"
ကျန်းချန်ဖေးက အေးစက်စက် နှာမှုတ်လိုက်သည်။

ဒါက လက်နက်လုပ်ငန်းဖြစ်ပြီး ရှီးဖေးရှိ အင်ဂျင်နီယာများသည် နေ့ရောညပါကြိုးစားကာ သူတို့ကိုထုတ်လုပ်ရန် အသက်စွန့်စားနေရသည်။ ဒါက စဉ်းလဲသည့် ကြားခံလူ ခေါင်းပုံဖြတ်ရန်အတွက် မဟုတ်ချေ။

"ဈေးတစ်ခုပြောကြည့်ရင်ရော၊ ခင်ဗျားတို့ ဘယ်လောက်နှုန်းဆို လက်ခံမလဲဗျာ့"
ကိုယ်စားလှယ် စားပွဲမှ တစ်ရှူးတစ်ရွက် ဖြည်းဖြည်းချင်းထုတ်ပြီး နဖူးပေါ်မှ ချွေးစေးများကိုသုတ်လိုက်သည်။ မြန်မြန်ဆန်ဆန် လှုပ်ရှားမိလျှင် ဂန်းစတားဘော့စ်က သူ သေနတ်ထုတ်နေသည်ဟု အထင်လွဲမိသွားမည်ကို စိုးရိမ်ပါ၏။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now