၉ ။ အစားထိုးချစ်သူ(၄)

3.9K 923 96
                                    

[Zawgyi]

ဘူဖေးဧည့်ခံခြင်း အဆုံးသတ်ပြီးနောက် ကျန်းချန်ဖေးမှာ သူ့ အသိ၏ ကလပ်​တွင် စကွက်(ခ်ျ) ကစားရန်ဖိတ်ကြားမှုကို လက်ခံလိုက်သည်။ ကျောင်းချီမှာ သူနှင့်သွားရန် ငြင်းလိုက်ပြီး အိမ်သို့တစ်ယောက်တည်း ကားပြန်မောင်းလာခဲ့သည်။

ဗီလာထဲတွင် လုံးဝ လူသူကင်းမဲ့နေသည်။  မွန်းလွဲနေရောင်ခြည်က ကြမ်းပြင်ကနေ မျက်နှာကျက်ထိ ရှည်လျားသော ပြတင်းပေါက်ကြီးများမှတစ်ဆင့် ဝင်ရောက်လာသော်ငြား အနွေးဓာတ်အရိပ်အယောင်ကတော့ တစ်စွန်းတစ်စိမျှတောင် ရှိမနေပေ။ အိမ်တော်ထိန်းက ခြံစည်းရိုးပြင်ရန် တခြားသူများနှင့် အဖော်ပြုနေကာ တူထုသံကသာ တစ်ခုတည်းသော လှုပ်ရှားမှုအသံဖြစ်နေချေ၏။

ကျောင်းချီက မြေအောက်ခန်းထဲရှိ တစ်ယောက်ထိုင်ဆိုဖာပုံပေါ်ထိုင်နေကာ သူ့ရှေ့က တင်းကြပ်စွာပိတ်ထားသော တံခါးကို စိုက်ကြည့်နေသည်။ ဒါက သူဘယ်တုန်းကမှ မဖွင့်ခဲ့ဖူးသော စတိုခန်းပင်။ ဒါက ကျန်းချန်ဖေး၏ သီးသန့်နေရာဖြစ်သည်။ သူ့ငယ်ဘဝ လျှို့ဝှက်ချက်များအားလုံးကို ဖုံးကွယ်ထားသော ပစ္စည်းသိုလှောင်ရာနေရာပင်။

ကျန်းချန်ဖေး ကြီးပြင်းလာတုန်းက နေထိုင်ခဲ့ရသော ဝန်းကျင်မှာ သိပ်ပြီးမ​ကောင်းကြောင်းနှင့် တခြားသူများအား မသိစေချင်သော အရာများရှိကြောင်း သူသိသည်။

ကျောင်းချီက အမြဲသူ့ကို လေးစားခဲ့သည်။ သူတို့ ခုနှစ်နှစ်ကြာ လက်ထပ်ခဲ့ပြီးဖြစ်သည်။ သူ တစ်ကြိမ်လေးတောင် ဒီအခန်းကို မဝင်ခဲ့ဖူးပေ။ ဒါပေမဲ့ အခုတော့ သူ ဝင်သွားပြီး အထဲတွင် ဘာရှိသလဲ အတော်လေး ကြည့်ချင်နေမိသည်။

သူ ဒီနေ့ နေ့လယ်တုန်းက ဘာမှမစားခဲ့ပေ။ သူ့အစာအိမ်က အခုတော့ အောင့်နေချေပြီ။ ကျောင်းချီမျက်နှာမှာ အတော်လေးဖြူ​ဖျော့နေကာ ဆိုဖာပေါ်တွင် ကွေးနေရှာသည်။ မျက်ရည်နှစ်စက်ကျလာကာ ပါးပေါ် ကနေလိမ့်ဆင်းသွားချိန်မှာတော့ သူမငိုမိဘဲမနေတော့ပေ။

ကျန်းချန်ဖေး ဒီနှစ်တွေမှာ သူ့ကိုပြသခဲ့သည့် နူးညံ့မှုက အလိမ်အညာသာဆိုရင်... သူတို့အတွက် ဘယ်လိုမျိုးအဆုံးသတ်မှာလဲ။

My Lover With Split Personalities [မြန်မာဘာသာပြန်]Unde poveștirile trăiesc. Descoperă acum