၆ ။ ဥက္ကဌ၏ဒေါ်လာမီလီယံသတို့သား(၁)

4.9K 1K 86
                                    

[Zawgyi]

လီယင်ကျွင်းက ဖုအာ့သိုက်(၁) ဖြစ်သည်။ သူက တစ်ချိန်တုန်းက ငယ်ရွယ်ပြီး မိုက်မဲခဲ့ဖူးသည်။ သူ အပျော်အပါးလိုက်စားရတာ နှစ်သက်သလို ရံဖန်ရံခါ အသောက်အစား အပျော်အပါးလွန်ကျူးသည့်ဘဝတွင် သူ့ကလိမ်ကကျစ် သူငယ်ချင်းများနှင့်အတူတူ ရစ်တွယ်ဖြတ်သန်းခဲ့ဖူးသည်။ ဒါကြောင့် သူ့ရှေ့က မြင်ကွင်းမှာ ဘာကို ဦးတည်နေသလဲ ရိပ်မိသည်။

သူ့တွင် ငယ်ရွယ်ပြီး အပြစ်ကင်းသည့် ကျောင်းသူလေးများနှင့် ပွေရတာသဘောကျသော သူငယ်ချင်းရှိသည်။ ပုံမှန်ကတော့ ဒီကျောင်းသူများမှာသိပ်ပြီး အရက်မသောက်တတ်ပေ။ ဒီပုံစံမျိုးက သူ့သူငယ်ချင်း သဘောကျသည့်ပုံစံအတိအကျပင်။
မိန်းကလေး၏မျက်နှာကို ဆွဲဆိတ်ပြီး အတင်းအကြပ် ဝိုင်တိုက်လိုက်သည်။ ဒီနောက်တွင်တော့ သူမ နှာခေါင်းကနေ သီးကာ ချောင်းတဟွတ်ဟွတ်ဆိုးပြီး အင်္ကျီများစိုသွားစေ၏။ လူယုတ်မာလေးများက ချက်ချင်း ဆူညံစွာလှောင်ပြောင်ပြီး ကျယ်လောင်စွာရယ်မောကြလိမ့်မည်။

ဒီလိုနည်းလမ်းမျိုးက မိန်းကလေးငယ်လေးများကိုလှည့်စားရန်သာ အသုံးချပြီး ကျန်းချန်ဖေးက ကျောင်းချီကို 'အနိုင်ကျင့်' ရန် တူညီသည့်ချည်းကပ်မှုမျိုးပြုလုပ်မည်ဟု မထင်ခဲ့ပေ။

ကျောင်းချီက ချမ်းသာပြီး အာဏာရှိသော ဖုအာ့သိုက် အစစ်ပင်။ ကျန်းချန်ဖေးကတော့ စီးပွားရေးလောကထဲရောက်မှ ခြစ်ရာလေးတစ်ခုကနေ ချမ်းသာလာခဲ့သော နောက်ပေါက်ကြာသာ ဖြစ်သည်။ သူက ဘယ်လိုလုပ်... ဘယ်လိုလုပ် ကျောင်းချီကို အရှက်ခွဲရဲရတာလဲ!

"ကျန်းချန်ဖေး... မင်းဘာလုပ်နေတာလဲ!" လီယွင်ကျင်းက ဒေါသထွက်သွားပြီး ကျောင်းချီကိုဆွဲရန်လှမ်းလာခဲ့သည်။

ကျန်းချန်ဖေးမျက်လုံးများ ရုတ်တရက် အေးစက်သွားပြီး အံကြိတ်ကာ ပြောလိုက်လေသည်။
"ကောင်းတယ် အရမ်းကောင်းတယ်၊ ငါ့မျက်စိရှေ့မှာတောင် မင်းက သူ့လက်မောင်းကိုဆွဲနေတယ်ပေါ့"

ကျောင်းချီ ခေါင်းကိုက်နေရလေပြီ။ သူ လီယွင်ကျင်းပခုံးကိုပုတ်ပြီး ပြောလိုက်သည်။
"ယင်ကျွင်း၊ အဆင်ပြေပါတယ်၊ ငါတို့နောက်နေကြတာ"

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now