၎။ ဥက္ကဌ၏ ဒေါ်လာမီလီယံ သတို့သား(၁)

6.6K 1.1K 36
                                    

[Zawgyi]

လူနာဆွေးနွေးခန်းက အတော်လေးကျယ်ဝန်းပြီး အထဲရှိ အပြင်အဆင်မှာလည်း ဧည့်ခန်းနှင့်ဆင်သည်။

ဒေါက်တာချွဲ့မှာ ရွှေရောင်မျက်မှန်ကိုင်းနှင့် မျက်မှန်ကိုတပ်ထားပြီး စံချိန်မီလက်ရာမွန် ရှေးခေတ်ဒီဇိုင်းစားပွဲနောက်တွင် ထိုင်နေသည်။ လက်သီးတစ်ဖက်ဆုပ်ထားပြီး မေးစေ့ကိုထောက်ကာ မျက်နှာချင်းဆိုင်နံရံပေါ်က ပုံရိပ်ယောင်စခရင်ကို သုန်မှုန်စွာ ကြည့်နေသည်။

နံရံပေါ်တွင်တော့ သိပ္ပံပညာနှင့်ဆိုင်သော သတင်းတင်ပြမှု ထုတ်လွှင့်လျက်ရှိသည်။

ကျောင်းချီနှင့်ကျန်းချန်ဖေး အထဲဝင်လာတာမြင်တော့ သူက သူတို့နှစ်ယောက်အား သတင်းတူတူကြည့်ရန် လက်ဟန်ပြလိုက်သည်။

"ယနေ့ခေတ် smart brainတွေရဲ့ ကျယ်ပြန့်လာတဲ့ ကျော်ကြားမှုနဲ့အတူ ပြဿနာတွေဟာ တစ်ခုပြီးတစ်ခုပောလာပါတယ်၊ smart brainက  နိုးကြားနေတဲ့ အခြေအနေမှာ သုံးစွဲသူက အပြင်ဘက်သက်ရောက်မှုမျိုး ကြုံရတဲ့အဖြစ်အပျက်မျိုးမှာ smart brainနဲ့ သုံးစွဲသူအာရုံကြောရဲ့ ဆက်သွယ်မှုကြောင့် အာရုံကြောဆိုင်ရာဖောက်ပြန်မှုမျိုးဖြစ်နိုင်ပါတယ်..."
အာရုံကြောနည်းပညာရှင်က သုံးစွဲသူများ၏ဦးနှောက်ကို သေချာကာကွယ်ရန်နှင့် လေးလံသော ပစ္စည်းများနှင့်အထိခိုက်မခံရန် လူထုကိုသတိပေးလေသည်။

သတင်းတင်ပြမှုအပြီး စခရင်က အမေရိကရှိ လမ်းများပေါ် ရောက်သွားကာ smart brainများကို ဆန့်ကျင်သည့် ချီတက်မှုတစ်ခုကျင်းပနေလေသည်။

"Smart brainကို ဖျက်သိမ်းပါ၊ စမတ်ဖုန်းတွေကို ပြန်ပြီးသုံးစွဲပါ!"
ဒီဟစ်ကြွေးသံကိုအသုံးပြုရင်း လူများ၏ကြည်လင်သော အော်သံက ပဲ့တင်ထပ်နေသည်။ လူများက အလံလေးများ၊ နဖူးစည်းများ ကိုင်ထားပြီး ပါးစပ်ထဲတွင်လည်း နှဲမှုတ်နေကြသည်။ တစ်ချို့က smart brain တီထွင်သူဖခင်၏ ဓာတ်ပုံများကို ရိုက်ကာ ၎င်းအပေါ်တွင် (X)ဟု အနီရောင်ကြတ်ခြေခတ်များဆွဲထားကြသည်။ အခြားသူများကတော့ သူတို့ခေါင်းပေါ်တွင် smart brain၌ ပြဿနာများရှိကြောင်း၊ 'ဦးနှောက်ထဲတွင် အပေါက်တစ်ခု' ဖြစ်စေမည်ဟူသော အချက်ကိုပြရန် 3D ပန်းချီများရေးဆွဲထားကြသည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]जहाँ कहानियाँ रहती हैं। अभी खोजें