၉ ။ အစားထိုးချစ်သူ(၃)

3.7K 839 36
                                    

[Zawgyi]

"ရှီချင်း၊ မင်း ဘယ်လိုလုပ် ငါ့ကို မနှုတ်ဆက်ဘဲ နေနိုင်ရတာလဲ"
ကျောင်းချီက မေးရင်း ပုန်းနေသည့် ထိုကောင်လေးကို ဆွဲခေါ်ထုတ်လာခဲ့သည်။

"အိုက်ယိုး၊ အစ်ကိုကျောင်း!"

ကောင်းရှီချင်းမှာ ပါးစပ်ထဲက ကိတ်မုန့်လေးကိုမျိုချလိုက်ပြီး ကျောင်းချီ၏ လှုပ်ရှားမှုနှင့်အတူ တစ်ပါတည်းလိုက်လျောညီထွေ လိုက်လာကာ ပုန်းနေရာမှ ထွက်လာသည်။

ဒီလူက ကျန်းချန်ဖေး၏ ကောလိပ်အတန်းဖော်ဖြစ်ကာ ရှီးဖေးနည်းပညာ၏ အစောပိုင်းကာလ ပါတနာဖြစ်သည်။ သို့ပေမဲ့ သူက ရှီးဖေး ဖွံ့ဖြိုးမှုဦးတည်သည့်လမ်းကြောင်းကိုညစိတ်မဝင်စားခဲ့ပေ။ ထို့ကြောင့်လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက အစားအသောက် take away ပလတ်ဖောင်းဖြစ်သည့် ကိုယ်ပိုင်စီးပွားရေးကို စတင်ရန် ခြေလှမ်းယူခဲ့သည်။ အခုလက်ရှိ ရှီးဖေးနှင့် ရှယ်ယာဝင်ထားသေးသော်ငြား စီးပွားရေးလုပ်ငန်းကိစ္စများတွင် ဝင်မပါတော့ပေ။ သူက အမြတ်ဝေစုများကိုသာ ယူ၏။

"ငါ မင်းကိုမတွေ့ရတာကြာပြီ၊ ဘာတွေအလုပ်ရှုပ်နေတာလဲ"
ကျောင်းချီက ကောင်းရှီချင်းကို ခေါင်းစခြေဆုံး စစ်ဆေးလိုက်သည်။ ဒီကောင်က ဝိတ်တက်လာသည့်ပုံပင်။ သူ မစ္စတာကျန်းနှင့် အသက်တူသော်ငြား ဒီမစ္စတာကောင်းက အစားအသောက်ခုံမင်ကာ တကယ်ပင်ဝဖိုင့်လာခဲ့သည်။

"​အိုက်၊ မပြောပါနဲ့တော့ဗျာ!"
ကောင်းရှီချင်း ရယ်ရယ်မောမောနှင့်ပြောကာ လက်ယမ်းပြလိုက်သည်။
"အစ်ကိုဖေးရောဘယ်လိုလဲဗျ"

ကျောင်းချီဖေးက ကျန်းချန်ဖေးရှိရာဘက် လှည့်ကြည့်ကာ မေးမော့ပြလိုက်သည်။
ထို့နောက် ကောင်းရှစ်ချင်းအား အနားဆွဲခေါ်လိုက်သည်။
"ရှီချင်း၊ ငါမင်းကိုမေးချင်တာ တစ်ခုရှိတယ်"

"အာ... ဟမ်"
ကောင်းရှီချင်း ကျောင်းချီအား ပြန်လှည့်ကြည့်လိုက်သည်။
"ကျန်းချန်ဖေး ကျောင်းတက်နေတုန်းက လူတစ်ယောက်ကို ကြိုက်ခဲ့ဖူးတယ်၊ အဲလူနာမည်က ဘယ်လိုခေါ်လဲ"
ကျောင်းချီ ခပ်တိုးတိုးမေးလိုက်၏။ ဒီကောင်းရှီချင်းမှာ အဆောင်တွင် ကျန်းချန်ဖေးနှင့်အတူ နေခဲ့တာဖြစ်သည်။ သေချာပေါက် ထိုသူဘယ်သူလဲ သူသိလိမ့်မည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now