၂၅ ။ ဟတ်စကီး အချစ်

2.7K 618 95
                                    

[Unicode]

"Heat ဝင်တယ်လား" ကျောင်းချီ ဆွံ့အသွားသည်။ ဒီလူ ထိုသို့ပြောမည်ကို သူသိသည်။
"မဟုတ်ပါဘူး၊ လျှောက်ပြောနေတာတွေ ရပ်တော့"

ကျန်းချန်ဖေးက သူ့ချစ်စရာဇနီးလေးကို ချီရင်း ကြမ်းပြင်ပေါ်မှ မှန်ကွဲစများကို ရှောင်ရှားကာ ထွက်လာသည်။ သူ့ကို အိပ်ရာပေါ် ဂရုတစိုက်ချပေးပြီး ပူနေသည့်မျက်နှာကိုထိလိုက်သည်။
"ကိုယ်နောက်နေတာမဟုတ်ဘူး၊ ပေါင်ပေ့၊ ခံစားကြည့်ကြည့်၊ မင်း ကိုယ်အပူချိန်က မမှန်ဘူးနော်"

"ဒါရေချိုးထားလို့လေ" ဘယ်သူက ရေပူနဲ့ရေချိုးပြီးရင် အသားမပူလို့လဲ။

အရာရှိ သက်ပြင်းချလိုက်သည်။
"မင်း တကယ် heat ဝင်နေတာပါ၊ ကိုယ့်ကိုလိမ်လို့မရဘူး၊ Pheromoneတွေ အရမ်းပြင်းနေတာ၊ ကိုယ် အသက်ရှူရတာတောင် ခက်နေပြီ"

"ခင်ဗျားဟာခင်ဗျား မွန်းတာလေ..."

"ဒါက မင်းလေးတားလို့ရတဲ့ဟာ မဟုတ်ဘူး၊ ထိန်းမထားနဲ့‌၊ မဟုတ်ရင် မင်းခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မယ်"
ကျန်းချန်ဖေးသည် ဇဝေဇဝါဖြစ်နေသော ချစ်ဇနီးလေး၏မျက်နှာကို လက်ဖြင့်ကိုင်ထားပြီး မြတ်နိုးစွာပြောလိုက်သည်။
"မင်းမှာ အရင်က Alpha မရှိခဲ့ဘူးလေ၊ အဲတော့ heat ဝင်ရင် ပိုတည်တည်ငြိမ်ငြိမ်နေလို့ရသေးတယ်၊ အခု မင်းက ကိုယ့်ဘေးရောက်နေပြီဆိုတော့ မသ်းသာ ကိုယ်နဲ့ မနှောင်ဖွဲ့ရင် ဒီလိုမျိုး ၇ရက်၊ ၇ညဖြစ်ပြီး သေသွားလိမ့်မယ်"


ကျောင်းချီ စကားမပြောချင်တော့ပေ။
လုပ်မှာဖြင့် လုပ်လေ၊ ခင်ဗျား ဝတ္ထုထဲက နောက်ခံကို ဆက်ပြီးညွှန်းပြနေရင် စိတ်မဝင်စားတော့ဘဲ နေတော့မယ်။

သို့သော်ငြား သမာဓိရှိသော အင်ပါယာအရာရှိသည် အထူးတလည်ထုံးတမ်းဓလေ့ပြုလုပ်ရန် အတင်းတိုက်တွန်းနေ၏။ သူ Omega တစ်ယောက်၏ လိင်ပိုင်းဆိုင်ရာ ဗီဇကြောင့် အမှတ်အသားပြုသည်မျိုး မဖြစ်ချင်ပေ။ သူ့ချစ်ဇနီးလေး၏ မျက်ဝန်းထဲသို့ စူးစိုက်ကာကြည့်လိုက်သည်။
"မင်းကိုယ့်ကို သဘောကျလား"

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now