၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ

3K 447 29
                                    

[Unicode]

သူပြောပြီးပြီးချင်း တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယိုသည် ချက်ချင်း ထိန်းမနိုင်သိမ်းမရဖြစ်သွားသည်။

"ရဲဘော်ရဲဘက်၊ ရဲဘော်ရဲဘက်၊ ရဲဘော်ရဲဘက်..."

စခရင်သည် "ရဲဘော်ရဲဘက်" ဆိုသည့် စကားလုံးနှင့် ပြည့်လုနီးပါးဖြစ်သွားသည်။ Smart Brain ခေတ်တွင်နေထိုင်သည့် လူအများစုသည် ဒီခေါင်းစဉ်ကို မေ့နေကြပြီ။ သူ့ဘေးရှိ အစီအစဉ်မှူးပင် ပါးစပ်ကြီးဟကာ သူ နိုင်ငံတည်ထောင်ခဲ့သည့် ရှေးခေတ်ရက်များဆီ ပြန်ရောက်သွားသလား အံ့ဩနေမိသည်။

"ရဲဘော်-သောက်ကျိုးနည်း-ရဲဘက်၊ ကျွန်တော် ခင်ဗျားကိုယုံတယ်!"

"ဒီ အရင်ရာစုနှစ်ရဲ့ ဝါရင့်ကေဒါစတိုင်က ဘာလဲဟ"

"ကောလဟာ‌လတွေနဲ့ အတင်းအဖျင်းတွေ အဝေးသွားကြစမ်း၊ ရဲဘော်ရဲဘက်တွေက အမြဲမှန်တယ်!"

တခြားသက်သေရှာရန် မလိုတော့ချေ။ "ရဲဘော်ရဲဘက်" ဆိုသည့် စကားကိုကြားပြီး လူများသည် ကျောင်းကျို့ရန်မှာ ရှူးဂါးဒယ်ဒီဖြစ်နိုင်သူနှင့် မတူဟု တွေးကုန်ကြတော့သည်။ ကျန်းချန်ဖေး တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယို၏ မှန်နံရံအပြင်တွင် ရပ်ကာ သူ့ချစ်ဇနီးလေးကိုခိုးကြည့်ရင်း နှုတ်ခမ်းတင်းတင်းစေ့ပြီး မရယ်မိအောင် ထိန်းနေရသည်။ သူ့အဖေ ပုံမှန် မည်သို့ပြုမူလဲ သိ၍ထင် ကျောင်းချီသည် တည်ငြိမ်နေဆဲဖြစ်ကာ ‌လက်ကို အနည်းငယ်မြှောက်ပြီး ဘေးရှိဝန်ထမ်းအား စကားပြောလိုက်သည်။
"အဲဗီဒီယိုကိုထုတ်ပြီး ဗီဒီယိုပလတ်ဖောင်းတွေပေါ်မှာ တင်လိုက်"

"ဟုတ်ကဲ့"

ကျောင်းချီ အစီအစဉ်မှူးအား ရှိုးကို ရပ်စေချင်သည့် အမူအရာပြလိုက်သည်။ သူ့အဖေ စကားပြောလေ အမှားများပိုပါနိုင်လေဟု တွေးမိ၍ တိုတိုတုတ်တုတ် ဖြေရှင်းချက်ဆိုလျှင် လုံလောက်ပြီ။ အစီအစဉ်မှူးက ချက်ချင်း သဲလွန်စကိုနားလည်သွားကာ စကားဝိုင်းအား အဆုံးသတ်လိုက်သည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now