၂၉ ။ ဂန်းစတားကိုကို

3.1K 659 133
                                    

[Unicode]

"ခင်ဗျားက?" ကျောင်းချီ သူ့ကို မရေရာစွာကြည့်လိုက်သည်။

"တိအောင်း... ကျန်းလား"

"အဲတော့ မင်းငါ့နာမည်ကို မှတ်မိသေးတယ်ပေါ့လေ"
ကျန်းချန်ဖေး ဟက်ခနဲရယ်လိုက်မိသည်။ သူ ရင်ခွင်ထဲမှ သူ့သားလေးကို ငုံ့ကြည့်လိုက်၏။ Golden retriever လေးသည် ဆေးထိုးပြီးနောက် ဒေါသထွက်နေသည်။ ရင်းနှီးနေသည့် အငွေ့အသက်ရလိုက်၍ သူ့အဖေပေါ် ချက်ချင်း ထရပ်ရန်ကြိုးစားကာ တိုင်တန်းလိုက်သည်။

ဒါက သူတို့တွေ့တာ ပထမဆုံးအကြိမ်ဖြစ်သော်ငြား သူ့သားသည် သူနှင့်ရှက်မနေပေ။

သွေးကစကားပြောတဲ့ ဆက်ဆံရေးဆိုတာ တကယ်ကို အံ့ဩစရာပဲ။

"ကလေးကိုငါနဲ့ ခေါ်သွားမယ်၊ မင်း သူနဲ့ မခွဲချင်ဘူးဆိုရင် လိမ်လိမ်မာမာနဲ့ ငါ့နောက်လိုက်ခဲ့"
ဒီစကားပြောပြီးနောက် ကျန်းချန်ဖေး နောင်တရသွားခဲ့သည်။ သူ့ကို ပြန်တွေ့ချိန် စကားကောင်းကောင်းမွန်မွန်ပြောမည်ဟု အကြိမ်များစွာ လေ့ကျင့်ခဲ့သော်ငြား စကားလုံးများသည် ခြိမ်းခြောက်မှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြန်သည်။

ဒီလိုပုံစံသာ ဖြစ်နိုင်သည်။ အာရှ-ပစိဖိတ်ဒေသ၏ ဂန်းစတားဘော့စ်၊ သွေးအေးပြီး အကြင်နာကင်းမဲ့သော ညဘုရင်အနေနှင့် သူသည် မငြင်သာနိုင်ဘဲ ရက်စက်သော ခြိမ်းခြောက်မှုများကိုသာ ပြောနေကျဖြစ်ခဲ့သည်။ ဆိုးရွားလိုက်သည့် ပြန်လည်တွေ့ဆုံမှုပင်။

စကားများက ပြောပြီးရာ ပြန်ရုတ်သိမ်းလို့မရတော့ပေ။ ဥက္ကဌလူကြီးမင်း အေးစက်စွာ တစ်ဖက်လှည့်ကာ ဆောင်းဦးလေညှင်းနှင့်အတူ မမှိတ်မသုန် လျှောက်သွားခဲ့သည်။ သူ တမ်းတနေရသည့် အမျိုးသားကို ပြန်လှည့်မကြည့်ခဲ့ပေ။

“...” ကျောင်းချီ ဆွံ့အနေမိကာ ကျန်းတာ့တျောင်းနောက် လိုက်ပြီး ကားပါကင်ဆီ လျှောက်လာခဲ့သည်။ သူ Smart Brain ကိုဖွင့်လိုက်ကာ အန်နီ့အား ဒီတစ်ကြိမ် ဘာဇာတ်လမ်းလဲဟု မေးလိုက်သည်။

"စောနကပြောသွားတဲ့ ‘ဒီကလေးက ငါ့ကလေးမှန်း စစမြင်တည်းကသိတယ်’ ဆိုတဲ့ စာသားအရ ရှာဖွေမှုရလဒ်‌တွေက အောက်ပါအတိုင်းပါ :

My Lover With Split Personalities [မြန်မာဘာသာပြန်]Hikayelerin yaşadığı yer. Şimdi keşfedin