၁၈ ။ ဟက်စကီး အချစ်

3.5K 736 25
                                    

[Unicode]

ပါ့ကျောင်းအဆောက်အဦး၏ ရုံးခန်းထဲရှိ မှန်ပြတင်းချပ်အနီးတွင်  ကျောင်းချီတစ်ယောက် ကိစ္စရပ်များက ဒီလိုဦးတည်ရာဘက် အဘယ်ကြောင့်ပြောင်းလဲသွားသလဲ မသိတော့ပေ။ မည်သို့ပင်ဖြစ်ဖြစ် ဤအခိုက်တွင် သုံးယောက်သားတူတူထိုင်နေကြပြီး အချင်းချင်းစိုက်ကြည့်နေသည်။

တင်ဆက်ထုတ်လွှင့်သူတစ်ယောက်၏ လုပ်ငန်းခွင်ဆိုင်ရာ အကျင့်ကြောင့်ထင် နတ်ဆိုးဘုရင်သည် အင်မတန်စကားများသည်။ သူပြောစရာလူမရှိရင်တောင် သူ့ဘာသာသူ အချိန်အတော်ကြာ စကားပြောနေနိုင်သည်။

"ဥက္ကဌကျန်း၊ ကျွန်တော် ခင်ဗျားကို အမြဲအားကျနေခဲ့တာ! ကျွန်တော် ပရော်ဖက်ရှင်နယ် ဂိမ်းလောကထဲဝင်ချိန် နေရာတိုင်းက ခင်ဗျားရဲ့ ဒဏ္ဍာရီတွေအပြည့်ပဲ!"
ဝမ်မော့ ဒီစကားဆိုခြင်းက ‌ချီးကျူးခြင်းမဟုတ်၊ အမှန်တရားဖြစ်နေ၍ပင်။

ကျန်းချန်ဖေး၏ smart brain VR နှင့် ရိုးရိုး PC တစ်လုံးကို ပေါင်းစပ်ခြင်းအကြံသည် ဂိမ်းလောကတစ်ခုလုံးအား ပြောင်းလဲသွားစေခဲ့သည်။ ဝမ်မော့ ပရော်ဖက်ရှင်နယ် အသင်းထဲဝင်ကာစရှိ‌သေး ဤနည်းပညာအပြောင်းအလဲလှိုင်းကြီးကို ကြုံခဲ့ရသည်။ သူ့တက်တက်ကြွကြွရှိသော အမြင်သည် ထူးကဲလှ၍ သာမန်ရိုးကျ ကွန်ပျူတာ ကီးဘုတ်ပြိုင်ပွဲနှင့်စာလျှင် VR ကီးဘုတ်ပြိုင်ပွဲအတွက် ပိုသင့်တော်သည်။ ထို့ကြောင့် အချိန်တိုအတွင်း သူ ထိုးထောင်လာကာ အသက်နှစ်ဆယ်တွင် ကမ္ဘာ့ချန်ပီယံဆုကို အနိုင်ရရှိခဲ့သည်။

ကျန်းချန်ဖေး ဤ “အားကျမှု” အကြောင်း ကြားချိန် ရင်ထဲမလှုပ်မယှက်ပင်။ အင်ပါယာ၏ အဆင့်မြင့်အရာရှိတစ်ယောက်အနေဖြင့်  သူ့ကိုအားကျသူများ အမြောက်အများရှိပေ၏။ သို့သော်ငြား ဒီAlphaလေးသည် အတော်လေးတော့ တည်ကြည်ရှာသည်။ ထိုင်ချပြီးတည်းက သူ့အပေါ်ကိုသာ အာရုံစိုက်နေရှာသည်။ သူ့ချစ်ဇနီးလေးအား တိတ်တဆိတ်ခိုးမကြည့်ပေ။ ထို့ကြောင့် သူ အားပေးစကား အနည်းငယ်တော့ ပြောပေးလိုက်ပါသည်။
"ဒီလူငယ်လေးက အလားအလာရှိသားပဲ"

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now