၂၂ ။ ဟတ်စကီး အချစ်

2.9K 635 46
                                    

[Unicode]

ညီလာခံ၏ ပထမအပိုင်းသည် ဂိမ်းကုမ္ပဏီများ၏ တင်ပြခြင်းဖြစ်ပြီး တစ်ခုချင်းစီသည် သူတို့၏ ဝန်ထမ်းများကို စင်ပေါ်တက်စေပြီး ထုတ်ကုန်အသစ်များကို ပြသစေသည်။

ရှီးဖေးသည် ဖြန့်ချိတော့မည့်《နဂါးငွေ့တန်း ကျက်သရေ》အားမိတ်ဆက်နေသည်။ ဤနယ်ပယ်၏ အကောင်ကြီးများထဲမှ ကိုယ်စားပြုဖြစ်၍ အခြားကုမ္ပဏီများကဲ့သို့ ထူးခြားသော သရုပ်ပြခြင်းများမပြုလုပ်ဘဲ ပရိုမိုးရှင်းဗီဒီယိုတစ်ခုသာ ပြလေသည်။

နွေးထွေးသော ဂီတသံ စတင်တီးခတ်လာသည်နှင့်အတူ လက်ရာမြောက်စက်ရုပ်များ တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။ ဂိမ်းတွင် စုစုပေါင်း စက်ရုပ်ရိုးရိုး၁၆ ကောင် ပါဝင်သည်။ တစ်ခုချင်းစီကို အဆင့်မြှင့်မှုပေါ်မူတည်ပြီး ပြုပြင်မွမ်းမံလို့ရသည်။ စက်ရုပ်တစ်ခုစီတွင် သူ့ကိုယ်ပိုင်နည်းပညာအစွမ်းများ၊ အင်္ဂါရပ်များလည်းရှိသည်။ ဗီဒီယိုတွင် ပထမနှင့် ဒုတိယ စက်ရုပ်များသာ ပြသထားသော်လည်း တုန်လှုပ်ဖွယ်ကောင်းနေပြီ။

တိုက်ပွဲပုံရိပ်များကို ပတ်ပတ်လည်ဝိုင်းထားသော မီးခိုးငွေ့များနှင့် အထူးပြုလုပ်ချက်များ၏ နစ်မြုပ်နေသော အသံသည် ညီလာခံခန်းမအတွင်းရှိနေသည့် ဂိမ်းဝါသနာအိုးများ၏ လက်များကိုယားယံလာစေတော့သည်။ ရှီးဖေး၏ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ်သည် စကားအနည်းငယ်သာပြောကာ အလျင်အမြန် ပြန်ဆင်းသွားခဲ့သည်။


ရှီးဖေးနှင့်ယှဉ်လျှင် ယင်ကျွင်းဂိမ်းသည် လုံးဝကို ကွဲပြားသော ဖွဲ့စည်းပုံဖြစ်သည်။ စခရင်အပြည့် ပန်းရောင်ပူဖောင်းများနှင့် 2D ပုံရိပ်ဖြင့် သွယ်လျသောမိန်းကလေးများပါဝင်သလို စင်မြင့်တွင် ပရိုဂျူဆာနှင့် သရုပ်ဆောင်များကြားမှ အပြန်အလှန်ဆက်ဆံမှုလည်းပါဝင်သည်။ ယင်ကျွင်းဂိမ်း၏ တစ်သီတစ်တန်း တီထွင်မှုသည် ယခုတစ်ကြိမ် တင်ပြခြင်း၏ အဓိကအာရုံစိုက်ခံရမှုဖြစ်သည်။


"ငါ အပန်းဖြေဥယျာဉ်တစ်ခုဖွင့်တော့မှာမို့ ပြီးတော့မယ်"

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now