၃၇ ။ ဂန်းစတားကိုကို

2.1K 543 30
                                    

[Unicode]

ဒီဆိုင်က အဆင့်မြင့် ဘာဘီကျူးစားသောက်ဆိုင်ဖြစ်ကာ အခြားသာမန်ဆိုင်များလောက် မဆူညံချေ။ စားပွဲအလယ်တွင် သန့်စင်ထားသော ခပ်ဝိုင်းဝိုင်းကျောက်တုံးများအပုံရှိပြီး ကျောက်တုံးများအောက်တွင်တော့ မီးသွေးခဲက တောက်လောင်နေသည်။

ကျောက်တုံးများအပေါ် အသားကင်ခြင်းသည် အဆီပိုများကိုဖယ်ရှားရန် ကူညီပေးကာ အသားပေါ်တွင် သံအရသာစွဲကျန်ခဲ့မည်မဟုတ်ပေ။

သို့သော်ငြား ကျောက်တုံးပေါ် အသားကင်ခြင်းက အရည်အချင်းလိုအပ်သည်။ စားပွဲအများစုတွင် လက်အိတ်ဖြူများနှင့် ရပ်နေကာ ကင်ပေးရန်တာဝန်ယူထားသည့် စားပွဲထိုးများရှိကြသည်။

ကျန်းချန်ဖေးက စားပွဲထိုးအား လက်ယမ်းပြကာ ထွက်သွားခိုင်းလိုက်ပြီး သူ့ဘာသာ အသားကင်ရန် ညှပ်များကို ယူလိုက်သည်။ 

သူ့ အနက်ရောင်အင်္ကျီလက်အား လိပ်တင်ထားကာ ကြွက်သားတောင့်တင်းသော လက် ဖျံကို ပြသနေ၏။ ဝါးညှပ်ကိုကိုင်ထားသည့် ‌အရိုးအဆစ်ကြီးမားသောလက်က ကျောက်တုံးများပေါ် အမဲသားအား တစ်တုံးပြီးတစ်တုံးတင်နေသည်။ အမဲသားတစ်တုံးကျက်သည်နှင့် နွေးနေသေးတုန်း သူ့ချစ်ဇနီးလေးစားရန် ထည့်ပေးသည်။

ကျောင်းချီ သူ့ပန်းကန်ပြားပေါ်ရှိ ရွှေညိုရောင်အသားကို ကြည့်ချိန် သူတို့နှစ်ဦးစစတွေ့ခဲ့သည့်အချိန်ကို ပြန်အမှတ်ရသွားခဲ့သည်။

သူတို့ဒုတိယချိန်းတွေ့မှုတွင် ကျန်းတာ့တျောင်းသည် သူ့အား ဘာဘီကျူးဆိုင်တစ်ဆိုင်ဆီ ခေါ်သွားခဲ့၏။ သူက ဆန္ဒအလျောက် ဝါးညှပ်များကို ကောက်ယူကာ အသားများ တစ်တုံးပြီးတစ်တုံး ကင်ပေးသည်။ သူက ကင်‌နေရင်း ခိုးကြောင်ခိုးဝှက်ဖြင့် သူ့ကိုယ်သူ ရောင်းချနေသေးသည်။

"ကိုယ်က ဟင်းချက်ရတာကြိုက်ပေမဲ့ တစ်ယောက်တည်းနေတာလေ၊ အဲတော့ ဟင်းချက်ရင်တောင် ဘယ်သူမှ မချီးကျူးကြဘူး၊ ဒါကြောင့် တစ်ခါတစ်လေ ပျင်းရင် အိမ်မှာပဲ အသားကင်လုပ်စားတယ်၊ စားကြည့်ကြည့်၊ လူတွေက ကိုယ့်အကင်စွမ်းရည်က မဆိုးဘူးလို့ပြောကြတယ်"
သူ့ “ရွှေလက်ချောင်း”ကိုသုံးကာ
နိုင်ငံတကာဂိမ်းဖန်တီးမှုပြိုင်ပွဲ၏ အနိုင်ရပစ္စည်းအားပြုလုပ်ခဲ့သည့် လူငယ် ကျန်းချန်ဖေးသည် အသားအား ကျွမ်းကျင်စွာ လှန်နေခဲ့သည်။ သူက မီးတောက်နှင့် မီးခိုးကြား အံ့ဩစဖွယ်ကောင်းလောက်အောင် ဆွဲဆောင်မှုရှိနေသည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Όπου ζουν οι ιστορίες. Ανακάλυψε τώρα