၄၇ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ

2.3K 438 7
                                    

[Unicode]

သူတို့အချစ်အား ပြသနေသော ဓာတ်ပုံသည် ရက်ရက်စက်စက်ပြုပြင်ခံထားရကာ အုန်းပင်(၁)ဟုခေါ်သော အုန်းရည်တံဆိပ်နှင့်ဆင်သည့် ပုံတုံးတုံး ကပ်ရှင်များတပ်ထားကာ “ဘော့စ်နှစ်ယောက်က သိပ်ကောင်းတယ်လို့ပြော” ၊ “ပိတ်ရက်အတွက် သွားကိုသွားရမဲ့နေရာ” ဟု ရေးထားသည်။ အပြာနှင့်အဝါသုံးထားသည့် ဒီဇိုင်းကလူကို တကယ်ပင်မျက်စိကျိန်းစေ၏။

ရှီး​ဖေးနည်းပညာ၏တရားဝင်အ​ကောင့်သည် ပုံမှန်အားဖြင့်​လေးနက်​သော အ​ကောင့်ဖြစ်ကာ ကုမ္မဏီညွှန်ကြားချက်များကိုသာတင်ပြီး ရံဖန်ရံခါ ပ​ရောဂျက်သတင်းများကိုသာ​ဝေမျှတတ်၏။ ​နောက်ဆုံးပိုစ့်သည် “နဂါး​‌ငွေ့တန်းကျက်သ​ရေ”၏ ​နေ့စဥ်​ရောင်းချမှု ၁၂၀မီလီယံ​ကျော်သွား၍ ဂုဏ်ပြုသည့် အ​ကြောင်းဖြစ်​သော်ငြား ​နောက်တစ်ခုက ပန်း​ရောင်အချစ်ဦးအ​ကြောင်းဖြစ်​နေသည်။ ပိုစ့်တင်ကာစဖြစ်သည့်တိုင် ချက်ချင်းပင် အာရုံစိုက်မှုများရသွားခဲ့သည်။

"ဟားဟားဟား ​ကြော်ငြာကလည်း​စျေး​ပေါလိုက်တာ၊ ငါ့ပါးပါးရဲ့အတွင်းခံထက်​တောင်​စျေး​ပေါတယ်!"

"​ပြောပါဦး၊ လီယွင်ကျင်းက ခင်ဗျားတို့ကို​ကြော်ငြာခဘယ်​လောက်​ပေးလဲ၊ ကျွန်​တော်၂ဆ​ပေးမယ်"

"ဒီ​သောက်ကျိုးနည်းကြော်ညာက ဘာလဲဟ၊ Jinkela(၂)အတိုင်းပဲ"

သို့​သော်ငြား လူ့မျက်စိများသည် စူးရှလှသည်။ သိပ်မကြာခင်ပင် ကျွမ်းကျင်ပညာရှင်များသည် ဒီဟန်များသည့် ဓါတ်ပုံကိုပြန်လည်ပြုပြင်လိုက်ကြသည်။ ပ​ရော်ဖက်ရှင်နယ် ဓါတ်ပုံရိုက်ဆရာနှင့်သာမန်လူကြား ကွာဟချက်ရှိသည်ကိုဝန်ခံရမည်ပင်။ ဒီလူသုံးသွားသည့် ရှု​ထောင့်နှင့် အလင်းအ​မှောင်က ပြီးပြည့်စုံလှသည်။ သာမန်ရယ်​မောခြင်းဖြစ်သည့်တိုင် အနက်ရှိုင်းဆုံး​မေတ္တာအားပြသ​နေသည်။
"​သေစမ်း ​သေစမ်း၊ မူရင်းဓါတ်ပုံက အရမ်းမိုက်တာပဲ၊ ပါးပါးချန်​ဖေး ငါတို့ကို​ပေးတဲ့​ခွေးစာ​ကြောင့် နင်ပြီး​သေ​တော့မယ်၊ အဲ့တော့မှ သူက သခင်​လေးကိုသူတစ်​ယေယောက်တည်းသိမ်းထားလို့မှာလေ"

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now