၉ ။ အစားထိုးချစ်သူ(၂)

4.1K 893 69
                                    

[Zawgyi]

အိမ်တော်ထိန်းမှာပိုအံ့သြသွားကာ ကျောင်းချီဘက် သိလိုစိတ်ဖြခေါင်းလှည့်​ကြည့်လာသည်။

အခုတော့ ကျောင်းချီ ရန်စခံလိုက်ရသလိုပင်။ သူကမျက်ခုံးပင့်ကာ မေးစေ့ကိုမော့လိုက်သည်။
"သွားပြီး ရှင်းပေးလိုက်ပါ "

အရာအားလုံးကို ဥက္ကဌ၏ဆန္ဒအတိုင်းစီစဉ်ပြီးဒါက မစ္စတာတိအောင်း ကို အင်မတန်ကျေနပ်သွားစေသည်။

ညဉ့်သန်းခေါင်ယံတွင် အိမ်ရှေ့၌
မစ္စတာတိအောင်းသည် သူ၏ နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း နေရာယူထားသော "လရောင်ဖြူ" အကြောင်း တွေးတောနေမိသည်။ ထို့နောက်တွင်တော့ သူအိပ်ယာဝင်ရန် ပြင်လိုက်၏။

သူ ပင်မအိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်စဉ် စိတ်ဝင်တစား စာအုပ်တစ်အုပ်ကိုကိုင်လျက်အိပ်ယာကြီးအလယ်၌ ပက်လက်လှဲ​နေသော ချစ်စရာအစားထိုးဇနီးသည်လေးကို တွေ့လိုက်ရသည်။

"မင်းကို ငါ့ကုတင်ပေါ် ဘယ်သူတက်အိပ်ခွင့်ပေးခဲ့လို့လဲ"
ဥက္ကဌလူကြီးမင်းမှာ ဒေါသတကြီးဖြင့် အထဲကို ၀င်လာတော့သည်။

ကျောင်းချီက ခြေထောက်ကိုခါယမ်းကာ ပြောလိုက်သည်။
"ဆူညံမနေနဲ့၊ ငါဒီအခန်းကိုဖတ်တာ ပြီးခါနီးနေပြီ"

"မင်းက တကယ်ကို မျက်နှာပြောင်တိုက်ရဲတာပဲ"
မစ္စတာတာ့တိအောင်းက ရက်စက်စွာပြောလိုက်သည်။ သို့သော်ငြား သူ့မျက်လုံးတွေကတော့ ထို​ဖြူအုနေသော ခြေဖဝါးနှစ်ဖက်ကို မသိစိတ်ကနေ အလိုလို စိုက်ကြည့်နေမိသည်။

မည်သည့်ဒုက္ခကိုမှ မခံစားဖူးသော ထိုခြေချောင်းလေးများက ချောမွေ့ကာလုံးဝန်းသည်။ မသိမသာပြည့်ဖြိုးကာ ပန်းနုရောင်လေးရှိ၏။ အတော်လေးလည်း ချစ်ဖို့ကောင်းသည်။ သူ့လက်ချောင်းများ​ဖြင့် ၎င်းတို့ကို ဆွဲဆိတ်ပစ်ရန် စိတ်တဖွားဖွားပေါ်ပေါက်လာတော့သည်။

ဒီ အရိုင်းအစိုင်း အစားထိုးလေးက သူ့ကိုသွေးဆောင်ချင်​နေတာလား။ သူအရူးလုပ်ခံမှာမဟုတ်ဘူး!

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now