၃၉ ။ ဂန်းစတားကိုကို

2K 494 14
                                    

[Unicode]

"မင်းတို့ ဘာတွေပြောနေကြတာလဲ" ကျန်းချန်ဖေးက သူတို့ဆီလျှောက်လာကာ ကြားဖြတ်ပြောလေသည်။

"စီးပွားရေးကိစ္စပါကွာ" လီယင်ကျွင်းမှာ အားလုံးကို စကားတစ်ခွန်းတည်းဖြင့် ဖော်မပြနိုင်၍  သာမန်ကာလျှံကာသာ ဖြေလိုက်သည်။

ဟ့ မပြတ်မသားစကားတွေပဲ၊ သေချာပေါက် တစ်ခုခုလွဲနေတာ ရှိရမယ်။

"မင်းက သူနဲ့ ဘာစီးပွားရေးစကားပြောစရာရှိမှာလဲ၊ စီးပွားရေးကိစ္စ ငါနဲ့ ပြော" လူဆိုးဂိုဏ်း ဂန်းစတားသည် သူ့ချစ်ဇနီးလေးကို ထိုင်ခုံလဲရန် အမူအရာပြလိုက်ကာ လီမိသားစု၏လက်ဖက်စိမ်းကောင်းနှင့် ဝေးဝေးနေခိုင်းလိုက်သည်။

"မင်းကိုပြောရမယ်လား၊ အဲတော့ မိန်းကလေးရာချီထောင်ချီရဲ့ နတ်ဘုရားကျန်းချန်ဖေးက ကျုပ်ကစားကွင်းကို ကြော်ညာပေးတော့မှာလား"
ဥက္ကဌကျန်း သဝန်တိုနေသည်ကို သတိထားမိ၍ လီယင်ကျွင်း ဆွံ့အသွားခဲ့သည်။ ဒီကောင်တော့... သူနှင့်‌ကျောင်းချီက တစ်ကြိမ်တစ်ခါသာ ကြင်ဖက်တွေ့ခဲ့ဖူးပါ၏။ ခုချိန်ထိ သူ့ကို သတိကြီးလွန်းနေသည်မှာ ဘာအကျိုးရှိ၍လဲ။

"ရှူး၊ တော်တော့၊ စနေပြီ" သူ့လောင်ကုန်း သဘောတူပြီး လီယင်ကျွင်းအား သူ့ကစားကွင်းအတွက် ဂန်းစတားပုံစံကြော်ညာ ပေးလိုက်မည်ကိုစိုးရိမ်၍ ကျောင်းချီ  နှစ်ယောက်သား စကားပြောနေသည်ကို အလျင်စလို တားလိုက်တော့သည်။

ရုပ်ရှင်အကြိုပွဲကစတင်ပြီဖြစ်ကာ စင်ပေါ်ရှိ အစီအစဉ်မှူးသည် ဒါရိုက်တာနှင့် သရုပ်ဆောင်များကို မိတ်ဆက်ပေးလေသည်။ သတင်းထောက်များက ရုပ်ရှင်ပြချိန် ကင်မရာများပိတ်ရမည်ဖြစ်၍ ဓာတ်ပုံများ လောဘတကြီး ရိုက်ကြလေသည်။

"ဒီတစ်ကြိမ် ရှောင်ယီလောင်ရှီးက အဒေါ်နေရာကနေ သရုပ်မဆောင်ခဲ့ဘူးနော်၊ ဘယ်လိုများ တွေးမိပါသလဲ"
တင်ဆက်သူက ကျောင်းမားမားထံ မိုက်(ခ်)လှမ်းပေးလိုက်သည်။

"ကျွန်မ သရုပ်ဆောင်တာက ဇာတ်ညွှန်းတွေပေါ်မူတည်တာပါ၊ အဲလောက် ‘အန်တီ’ ဇာတ်ရုပ်တွေအများကြီး သရုပ်ဆောင်ဖို့ မရည်ရွယ်ခဲ့ပါဘူးရှင်" ကျောင်းမားမားမှာ ရုပ်ရှင်နယ်ပယ်ထဲတွင် ရှိနေသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်၍ meme အားလူံကို သိသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ အန်တီအခန်းက သရုပ်မဆောင်ရင်တောင် ရှင်တို့ ကျွန်မကို ‘ရှောင်ယီ’ လို့ခေါ်ရဦးမှာပဲလေ"
[T/N - သူ့နာမည်ရှောင်ယီက အဒေါ်ဆိုတဲ့အသံထွက်နဲ့ ဆင်ပါတယ်]

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now