[Unicode]
နောက်တစ်နေ့တွင် ကျန်းချန်ဖေးသည် သူ့ချစ်ဇနီးလေးကို အလုပ်လိုက်ပို့ရန် သူ့‘စစ်ရထား’ဖြစ်သည့် Maybach ကားဖြင့်သွားဖို့ မရမကတောင်းဆိုသေးသည်။
"အလုပ်ဆင်းချိန်ကျ ငါ ရှီးဖေးနည်းပညာဆီ သွားပြီး အိမ်ကို Maserati နဲ့ ပြန်မောင်းလာလိုက်မယ်၊ အဲ့လိုဆို မနက်ဖြန်အလုပ်လိုက်ပို့စရာမလိုတော့ဘူး"
အိမ်မှပါ့ကျောင်းအဆောက်အဦးနှင့် ရှီးဖေး နည်းပညာသို့ လမ်းများသည် ဆန့်ကျင်ဘက်အရပ်ဖြစ်သည်။ ကျောင်းချီ သူ့အားလိုက်ပို့ပေးခြင်းဖြင့် ကျန်းချန်ဖေး၏ အချိန်ကိုမနှောင့်နှေးစေချင်ပေ။သူတို့ကိုယ့်ဘာသာ အလုပ်သွားဖြစ်ခဲ့ကြသည်။ လွန်ခဲ့သည့် ၇နှစ်တာကာလပတ်လုံးလည်း ဤကဲ့သို့သာဖြစ်ခဲ့သည်။
ထူးထူးခြားခြားနေ့မှသာလျှင် အလုပ်ဆင်းပြီးနောက် တစ်ယောက်က သူ့နှလုံးသားအသက်တစ်ဝက်ကို သွားကြိုမည်ဖြစ်သည်။ သို့ပေမဲ့ အချိန်အများစုတွင် အမြဲအလုပ်ရှုပ်နေသောကြောင့် သီးခြားစီသာ အလုပ်ကိုသွားပြီး အိမ်ပြန်လာတတ်ကြသည်။"မဖြစ်နိုင်တာ" ကျန်းချန်ဖေးက တစ်ခဏစဥ်းစားသော်ငြား အကြံကိုပယ်ချလိုက်သေးသည်။
"ကိုယ်မင်းကို တစ်ယောက်တည်းထားခဲ့ရမှာ စိတ်မချဘူး""ငါ့မှာလက်တွေခြေတွေမပါတာမှ မဟုတ်တာ၊ ခင်ဗျားအချိန်ကို ဖြုန်းတီးရာပဲကျလိမ့်မယ်၊ မနက်ပိုင်းအစည်းအဝေးတွက် ခင်ဗျားလည်း အလုပ်ကိုစောစောရောက်ဖို့လိုတယ်"
သူတို့အိမ်ထောင်သက်အစပိုင်း၌ ကျန်းတာ့တျောင်းသည် သူ့ကိုအလုပ်ဆီ လိုက်ပို့ချင်သော်လည်း ကျောင်းချီက တန်းငြင်းခဲ့သည်။ ကျွမ်းကျင်သောဥက္ကဌကျောင်းသည် ထိုသို့အသုံးမဝင်သောစီစဥ်မှုမျိုးကို လက်မခံနိုင်ပေ။
"ဟင့်အင်း ကလေးလေး၊ ကိုယ်မင်းကိုအလုပ်လိုက်ပို့ဖို့ထက် တခြားဘယ်အရာမှ အရေးမကြီးဘူးလေ"Maybach ကား ပါ့ကျောင်းအဆောက်အဦးသို့ ဆိုက်ရောက်ချက်ချင်း ကျောင်းချီ ကားပေါ်မှ ဆင်းရန် တံခါးဖွင့်ကာ ခြေနှစ်လှမ်းသုလှမ်းရသေး ရုတ်တရက် ကျန်းချန်ဖေး၏ ပြန်ဆွဲခေါ်ခြင်းကိုခံလိုက်ရသည်။
YOU ARE READING
My Lover With Split Personalities [မြန်မာဘာသာပြန်]
RomanceStart Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြီးမားမားတော့မရှိခဲ့ပေ။ သို့သော်ငြား ကားတိုက်သည့်အရှိန်ကြောင့် ကမ္ဘာအစစ်၏ သူ့ဦးနှောက်သိမြင်နားလည်နိုင်မှုမှာ မတော်တဆမှုမတိုင်ခင်တုန်းက ဖတ်နေ...