၂၈ ။ ဂန်းစတားကိုကို

3.4K 679 130
                                    

ညရောက်ချိန် ကျန်းချန်ဖေးသည် သူ့သားခွေးလေးကို ရင်ခွင်ထဲဖက်အိပ်ရန် အတင်းမရမက အပြင်းအထန်တောင်းဆိုခဲ့ကာ Alpha ငယ်လေးများသည် ခွန်အားနှင့် သတ္တိကို ရယူရန် သူ့Alphaဖခင်နှင့် အချိန်ပိုဖြုန်းသင့်ကြောင်း ပြောလေသည်။

"..."

ကျောင်းချီ ခုနလေးကတင် ကွမ်းကျုံးတစ်ကောင် ကျန်းတာ့တျောင်း ရေလဲဝတ်ရုံကို တိုးဝှေ့ဖွင့်ပြီး နို့တောင်းနေသည်ကို မြင်ခဲ့ရသည်။

သူ ဘာတွေများ အကျိုးနည်း ရယူနိုင်မှာမို့လို့လဲ။

နောက်တစ်နေ့မနက်တွင် ကျန်းချန်ဖေး ထူးဆန်းလှသောအိပ်မက်များမှ နိုးလာခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော သူ့အဘိုးက သူမသိသည့် အဖိုးကြီးတစ်သိုက်နှင့်အတူ သူ့ကို ဆူနေသည်ဟု မက်ခဲ့သည်။ သူ‌တို့ ဘာတွေပြောနေသလဲ သူနားမလည်ပေ။ သူစိတ်ရှုပ်လာပြီး အော်လိုက်သည်။
"ကျွန်တော့်အဖေကိုပဲ သွားဆူလိုက်ကြပါလား"
သူ့အရှိန်အဟုန်သည် အဘိုးကြီးများကို လွင့်ထွက်သွားစေခဲ့သည်။

သူ အာရုံခံစားမှုငါးပါး တဖြည်းဖြည်းပြန်ရလာသော်ငြား သူ့ရင်ခွင်ထဲတွင် ချစ်ဇနီးလေးကို မခံစားရဘဲ အမွှေးလုံးတစ်ခုကိုသာ ခံစားမိသည်။ ထို့ကြောင့် သူစောင်မကြည့်လိုက်ချိန် ဝိုင်းစက်နေသော ခွေးမျက်လုံးများကို မြင်လိုက်ရသည်။

Golden retriever လေးက သူနိုးလာသည်ကို မြင်တော့ ချက်ချင်း ပျော်ရွှင်စွာ ခုန်တက်လာပြီး ကျန်းတာ့တျောင်း၏ မုတ်ဆိတ်ငုတ်တိုနှင့်မေးစေ့ကို လျက်တော့သည်။ အမြီးကို စိတ်လှုပ်ရှားစွာ ယမ်းနေသည်မှာ ဖင်အောက်ပိုင်းပါ လှုပ်နေလေ၏။ ခြေဖဝါးတစ်ဖက်က ခေါင်းအုံးအနားမှ ဖြူဖွေးလှသော လက်တစ်ဖက်ပေါ် နင်းမိသွားခဲ့သည်။

"အမ်... ကွမ်ကျုံး တော်တော့" ကျောင်းချီ မျက်စိမဖွင့်ဘဲ ခွေးလေးကို ပွတ်သပ်ပေးပြီး ခေါင်းအုံးနှင့်မျက်နှာပွတ်ကာ ဆက်အိပ်လေသည်။

ကွမ်းကျုံး...

တစ်-တစ်-ဘွန်း!

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now