၃၁ ။ ဂန်းစတားကိုကို

2.7K 616 38
                                    

[Unicode]

ကျောင်းချီ ဒီစကားဝိုင်းကို မဆက်ရဲတော့ပေ။ တစ်ချိန်လုံး ဒေဝါလီခံနေရသည့် မစ္စတာဝမ်ဆီ ပြဿနာသွားရှာလျှင် ထိန်းသိမ်းရလွယ်သော်ငြား ကျန်းတာ့တျောင်းတစ်ယောက် သေချာမစဉ်းစားနိုင်ဘဲ နတ်ဆိုးဘုရင်ဆီ သွားအနှောင့်အယှက်ပေး‌လျှင်တော့ ဆိုးလိမ့်မည်။

ယခုတလော ဝမ်မော့(နတ်ဆိုးဘုရင်) သည် ပိုပိုပြီး နာမည်ကြီးလာပြီး ပါ့ကျောင်းတွင် နာမည်အကြီးဆုံး ဂိမ်းတင်ဆက်သူဖြစ်လာ၏။ သူက ကုမ္ပဏီ၏ ငွေထုတ်စက်ကြီးဖြစ်၍ ကျောင်းချီတစ်ယောက် လောင်ကုန်းအား သူ့သွားအန္တရာယ်ပြုမည်ကို မခွင့်ပြုနိုင်ပါပေ။

ကျန်းချန်ဖေး သူ့ချစ်ဇနီးလေးက ဘာမှမပြောသည်ကိုမြင်တော့ အပြစ်ရှိစိတ်ဝင်နေခြင်းဖြစ်ရမည်ဟု တွေးမိသည်။ သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ မျက်နှာကို ပွတ်သပ်လိုက်၏။
"ငါ့ကိုပြော၊ အဲမျိုးရိုးနာမည်ဝမ်ဆိုတဲ့ ကောင်ကဘယ်သူလဲ"

"ဘယ်လိုလုပ်သိမလဲ၊ ခင်ဗျားသား သွားမေးပေါ့"
ကျောင်းချီ သူ့ကို တွန်းထုတ်လိုက်ကာ စောင်ခြုံလိုက်သည်။

"မင်းငါ့ကိုမပြောချင်လည်း ငါ့မှာ မင်းပြောလာအောင်လုပ်လို့ရတဲ့နည်းလမ်းရှိတယ်"
ဂန်းစတားဘော့စ်သည် သူ့ကိုမျက်မှောင်ကြုတ်ကာ အေးစက်သောလေသံဖြင့် ပြောလိုက်ပြီး သူ့ချစ်ဇနီးလေး၏ စောင်ထဲ အတင်းတိုးဝင်လိုက်သည်။

"ဟားဟား၊ ခွေးကောင်၊ အာ့... ခြေထောက်ကလိမထိုးပါနဲ့ဆို"

"တကယ်လို့ မင်း ငါ့ကိုမပြောရင် အရက်စက်ဆုံးနည်းလမ်းနဲ့ နှိပ်စက်ရလိမ့်မယ်"
ကျန်းတာ့တျောင်းသည် စောင်ထဲမှထွက်လာပြီး ထထိုင်ကာ မျက်နှာပေါ်တွင် ခက်ထန်သော အကြည့်ဖြင့် ပိုးသားနဂါးဝတ်ရုံပေါ်မှ သိုင်းကြိုးကို ဖြည်လိုက်သည်။ ဝမ်ဆိုသည့်လူက တကယ်တော့ ဆင်ခြေသက်သက်ပင်။ ထွက်ပြေးသွားသော သူ့ဇနီးဆိုးလေးကို နှိပ်စက်ရန် အကြောင်းရင်းရှာခြင်းသာဖြစ်၏။ ထွက်ပြေးရဲသည့်အတွက် တန်ရာတန်ကြေးပေးရမည်။ သူ ကျန်းတာ့တျောင်းနှလုံးသားထဲမှ နာကျင်မှုကို မကြာခင်ခံစားရတော့မည့် ခန္ဓာကိုယ်နာကျင်မှုနှင့် ပျောက်ကင်းအောင် လုပ်ပေးရမည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now