၃၄ ။ ဂန်းစတားကိုကို

2.2K 552 22
                                    

[Unicode]

"..."

ညှိနှိုင်းခြင်းက နောက်ဆုံးတော့ အဆုံးသတ်သွားချေပြီ။ အစည်းအဝေးက ချောချောမွတ်မွတ်မပြီးခဲ့သည့်တိုင် ရလဒ်ကကောင်း၏။ နေ့လယ်စာစားပြီးနောက် ကျောင်းချီ သူ့ကုမ္ပဏီတွင် အလုပ်ပြန်လုပ်ရန် ပါ့ကျောင်းဆီ ပြန်မည်ပြင်လိုက်သည်။ သူ ယနေ့ သူ့ကားမောင်းမလာ၍ အတွင်းရေးမှူးအား ထိုနေရာဆီ ‌သူ့ကိုခေါ်သွားရန် ပြောလိုက်သည်။

"သူဌေးက မစ္စတာကျောင်းကို မသွားရဘူးလို့ပြော..."
အမျိုးသားအတွင်းရေးမှူးမှာ ပြောလေ အသံပိုတိုးသွားလေပင်။ ကျောင်းချီ သူ့ကိုလှမ်းကြည့်လာသည်ကိုမြင်ပြီးနောက် စကားများပင်ပြန်မျိုချမိလိုက်တော့သည်။

"ကားသွားယူပြီး ငါ့ကို ဝင်ပေါက်မှာစောင့်နေ"
ကျောင်းချီ တည်ငြိမ်စွာ ထပ်ပြောလိုက်သည်။

"ဟုတ်ကဲ့!" အတွင်းရေးမှူးက ချက်ချင်း မတ်မတ်ရပ်ကာ Maybach ကားသော့ကို ယူပြီး အောက်ထပ်ဆီ ဆင်းသွားခဲ့သည်။

ဒါပေမဲ့ ကျောင်းချီ ထပ်စဉ်းစားပြီးနောက်  ပြန်လှည့်ကာ ကျန်းတာ့တျောင်းကို နှုတ်ဆက်ရန် ဥက္ကဌရုံးခန်းဆီ သွားလိုက်၏။

"မင်း သင်ခန်းစာရပြီး ငါနဲ့ လိုလိုလားလား လိုက်လာတယ်ထင်ခဲ့တာ၊ ဒါပေမဲ့ တကယ်တော့ ငါ့ကို သတိပေါ့စေချင်ပြီး အခွင့်အရေးကြုံရင် ထွက်ပြေးချင်လို့ကိုး!" ကျန်းချန်ဖေး မျက်နှာ အေးစက်နေကာ အရူးလုပ်ခံရသည်ဟု တွေးမိ၍ ဒေါသထွက်နေသည်။ ဘယ်တော့မှ သူ့ကို မညင်သာသင့်ပေ။ ဤဉာဏ်နီဉာဏ်နက်များသည့် ကောင်လေးကို အိပ်ရာတွင် ချည်နှောင်ထားသင့်ကာ သူ့ကလေးများ ပိုမွေးခိုင်းသင့်၏။

"ခင်ဗျားမှာ ကွမ်ကျုံးရှိနေတာပဲ၊ ငါထွက်ပြေးမှာ မဟုတ်ပါဘူး"
ကျောင်းချီ တကယ်အလုပ်ပြန်သွားချင်နေပြီဖြစ်၍ ချော့မော့ရုံသာ တတ်နိုင်တော့သည်။
"ဒီနေ့ ကားမမောင်းတော့ဘူး၊ ခဏနေ အလုပ်ဆင်းချိန် ငါ့ကိုလာကြိုပေါ့"

"ကောင်းပြီလေ" ကျန်းချန်ဖေး သဘောတူလိုက်သည်။ ထိုအမျိုးသား ရုံးခန်းထဲက ထွက်သွားပြီးမှ ဘာဖြစ်လဲ နားလည်သွားခဲ့သည်။ သူ နောက်တစ်ကြိမ် အရူးလုပ်ခံရပြန်ချေပြီ။ ဒေါသတကြီးဖြင့် သူအိမ်တော်ထိန်းကို ဖုန်းဆက်ကာ ကျန်းကွမ်ကျုံးအား ရုံးဆီ ချက်ချင်းခေါ်လာပေးရန် ပြောလိုက်သည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now