၁၇ ။ ဟတ်စကီး အချစ်

3.9K 787 67
                                    

[Unicode]

"… ပြီးတော့ နတ်ဆိုးဘုရင်က ဒီမနက် တွေ့ဖို့ ချိန်းဆိုထားပါတယ်"
ယီယွမ်က ကျောင်းချီ၏ တစ်နေ့တာ လုပ်ငန်းစဉ်ကိုဖတ်ပြကာ အလုပ်‌အသေးစိတ်ကို သတိပေးနေသည်။
"နတ်ဆိုးဘုရင်ကလည်း စာချုပ်ချုပ်ဖို့အတွက်လိုလားကြောင်း ပြသလာပါတယ်၊ ဒါပေမဲ့ သူကအခြေအနေတစ်ခု တောင်းဆိုနေတာ၊《 နဂါးငွေ့တန်း ဂုဏ်ကျက်သရေ 》ရဲ့ endorsement သဘောတူညီချက်ကို လိုချင်နေတာ"

《 နဂါးငွေ့တန်း ဂုဏ်ကျက်သရေ 》သည် ရှီးဖေးနည်းပညာမှ ထုတ်လုပ်ထားသော ဂိမ်းအသစ်ဖြစ်သော်ငြား ဈေးကွက်ထဲ‌တွင် မရောင်းချရသေးပေ။ ၎င်းက လောလောဆယ် အတွင်းပိုင်းစမ်းသပ်မှုအဆင့်ဖြစ်ပြီး အများထံ မရောင်းချရသေး။

‌ဤဂိမ်းသည် VR (Virtual Reality) သုံးဘက်မြင် နည်းပညာနှင့် smart brainကို ချိတ်ဆက်ထားသော ဂိမ်းဖြစ်သည်။ ရှီးဖေးနည်းပညာမှ VR ကိရိယာနှင့်ဆိုလျှင် လူတစ်ယောက်သည် ဂိမ်းထဲရှိ ကမ္ဘာအား ကိုယ်တိုင်ကိုယ်ကျ လေ့လာတွေ့ကြုံနိုင်မည်။ VR ကိရိယာမရှိလျှင်တောင် smart brain နှင့် ဂိမ်းကို ကစားနိုင်သေးသည်။ ဒီဂိမ်းအလားအလာမှာ အင်မတန် ကျယ်ပြန့်လှ၏။ ကုမ္ပဏီက ကောလဟာလအနည်းငယ်သာ လွှင့်ရသေး၊ လူအများဆီမှ တစ်ဟုန်ထိုး မျှော်လင့်စောင့်စားခြင်းများကို လက်ခံရရှိပြီးနှင့်ပြီ။

ဤ endorsement သည် မူလအစတုန်းကတော့ ‘လျန်ရှင်းဝေ့လျန်ကော့’ အတွက် ရည်ရွယ်ခဲ့သော်ငြား ယခု ကောရှင်းနှင့်ပါ့ကျောင်းမှာ စာချုပ်ဖျက်သိမ်းပြီးသားပင်။ ကိုယ်စားလှယ်နေရာမှာ လစ်ဟာနေသည်။ နတ်ဆိုးဘုရင်က ဒီ  endorsement ကိုလိုချင်သည်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်က ဒါရိုက်တာလျန်ဆုံးဖြတ်ချက်ချနိုင်သည့် အရာမဟုတ်ပေ။ ထို့ကြောင့် BOSS နှင့် စကားတိုက်ရိုက်ပြောစေရန်သာ ကျောင်းချီနှင့် ချိန်းဆိုချက်လုပ်ပေးလိုက်ရသည်။

ကျောင်းချီ အံဆွဲထဲသို့ ကိုယ်လိမ်းရေမွှေးဘူးအား ထည့်လိုက်သည်။ သူ ခေါင်းခဲခဲဖြင့် ကွန်ပျူတာကိုဖွင့်ပြီး ရှာသည့်အတန်းတွင် စာလုံးတစ်ချို့ ရိုက်နှိပ်လိုက်၏။
"ငါ့လောင်ကုန်းက ငါ့ကို omega လို့ တွေးနေတယ်၊ ငါဘာလုပ်သင့်လဲ"

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now