၈ ။ အစားထိုးချစ်သူ(၂)

5.1K 1K 72
                                    

[Zawgyi]

"ကိုယ်တွင်းပိုင်းတိုက်ခိုက်မိခြင်း ကာကွယ်မှု Smart Brain ပရိုဂရမ်!"
ဒီလိုလုပ်ငန်းကိစ္စများနှင့်ပတ်သတ်လာလျှင် သူ ထိုအကြောင်းများကိုဆွေးနွေးတိုင်း ကျန်းချန်ဖေး၏ မျက်ဝန်းများက အမြဲတောက်ပနေတတ်သည်။

"ဒါက သီအိုရအရတော့ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အဓိကထုတ်လုပ်သူတစ်ချို့​ရဲ့ သပိတ်မှောက်တာမျိုး ရှောင်လွဲလို့မရအောင်ကြုံရလိမ့်မယ်၊ သူတို့က ငါတို့ကို အခြေအမြစ်မရှိတဲ့ ကောလဟာလတွေဖြန့်နေပါတယ်ဆိုပြီးတောင် တရားစွဲသွားကြဦးမယ်"

ကျောင်းချီ မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ သူတို့သာဒီစီးပွားရေးအခွင့်အလမ်းကို ဆက်ပြီး လိုက်မည်ဆိုလျှင် လျှို့ဝှက် ပြင်ဆင်ရမည်။ သူ သက်သေစုဆောင်းပြီး သင့်တော်သောအချိန်၌ ထုတ်လုပ်သူကို တရားစွဲမည်။ အရင်လက်ဦးမှုယူသူက အကျိုးရှိမည်ပင်။

"တကယ်တော့ ကိုယ်က ကွန်ပျူတာစက်တွင်းပိုင်းနဲ့ပတ်သတ်ပြီး သိပ်မတော်ဘူး၊ ဒါပေမဲ့ ပိုကောင်းတဲ့အကြံတော့ရှိတယ်"

ကျန်းချန်ဖေး ခဏရပ်သွားပြီး ဒီကိစ္စအရင်းအမြစ်မပြောခင် သူ့ချစ်ဇနီးလေး သိချင်စိတ်ပြင်း​ပြလာမှုကိုစောင့်လိုက်သည်။
ဒါမှသာ သူကိုယ်တိုင်မေးလာမှာပင်။ သို့သော်ငြား ကျောင်းချီကတော့ တည်တည်ငြိမ်ငြိမ်သာ မေးဆတ်ပြပြီး ဆက်ပြောရန်ဟန်ပြသည်။

အရင်ရက်များအတွင်း ကျောင်းချီမှာ ဦးနှောက်ဒဏ်ရာရနေခဲ့သော ဥက္ကဌအပေါ် အလေးအနက် ဂရုစိုက်စောင့်ကြည့်ခဲ့သည်။ အချိန်တိုင်း သူ့စိတ်ခံစားချက်အပြောင်းအလဲကို လေ့လာရတာ ကျင့်သားရနေလေပြီ။ ဒီအခိုက်တွင် သူ့မျက်ဝန်းထဲက စိတ်ပျက်သွားမှုအချို့ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး ဘာကြောင့်ရယ်မသိ အလိုလိုမေးလိုက်မိသည်။
"ဘာပိုကောင်းတဲ့အကြံလဲ"

သေချာပေါက်ကို သူ့ခင်ပွန်းမျက်ဝန်းများထဲမှ နစ်နာမှုသေးသေးလေးက ပျောက်ကွယ်သွားပြီး ကျွမ်းကျင်သူတစ်ယောက်၏ ယုံကြည်မှုမျိုး ပြန်အစားထိုးလာခဲ့သည်။ ပြောမပြတတ်သော ဆွဲဆောင်မှုမျိုးနှင့်
တောက်ပနေကာ သူပြန်ဖြေလိုက်သည်။
"လူထိန်းချုပ် မှတ်ဥာဏ်ရှင်းခြင်း app"

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now