Part - {1}

26.6K 1.1K 26
                                    

"ဟမ်း...ဟမ်း..."

တိတ်ဆိတ်နေတဲ့ ညမှာ ပြေးလွှားနေရင်း မြင်ကွင်းထဲ ပေါ်လာတဲ့ မြက်ပင်ထူထူတွေက လမ်းမီးတိုင်တွေလို ဟုတ်မနေခဲ့ဘူး...။ မညီညာတဲ့ ကျောက်စရစ်ခဲတွေက ကျွန်တော့်ရဲ့ ခြေဗလာ‌ထဲကို ထိုးစိုက်နေပေမဲ့လည်း ဒါတွေက ကျွန်တော့်ကို မရပ်တန့်နိုင်ပါဘူး။ ကြည့်ရတာ ကျွန်တော်စိတ်လှုပ်ရှားနေလို့ ထင်ပါရဲ့။ စောနကတည်းက ခေါင်းမူးနေခဲ့တာ။ ကျွန်တော်မူးနောက်ပြီး အိပ်ချင်နေတယ်။ ပြီးတော့ ကျွန်တော့် ဦးနှောက်က အောက်စီဂျင်မရတော့လို့ ခြေလှမ်းလိုက်တိုင်းမှာ ပေါက်ကွဲထွက်မတတ် ခေါင်းကိုက်နေတယ်။

ဘာတွေပဲဖြစ်ဖြစ်... ကျွန်တော်ဆက်ပြီး‌ ပြေးရမယ်။

[ငါနဲ့ပဲ အမြဲနေပေးပါ...]

အဲ့တာက သူပြောခဲ့တဲ့ စကားလုံးတွေပဲ။ သူက ကျွန်တော့်လည်ပင်းပေါ်မှာ အမှတ်တွေ ချန်ထားခဲ့တယ်...ကျွန်တော့်ကို သူ့ထိန်းချုပ်မှုအောက်မှာပဲ ထားခဲ့တယ်။ ကျွန်တော့်လည်ပင်းမှာ လည်ပတ်မရှိတော့ပေမဲ့ တစ်စုံတစ်ခုက ရစ်ပတ်ထားတယ်လို့ ခံစားရတုန်းပဲ။ မှောင်မိုက်နေတဲ့ အနက်ရောင် ညဖက်ကောင်းကင်ကြီးက သူ့ကို ကိုယ်စားပြုတယ်။ စောနကတည်းက ပိတ်ကွယ်နေတဲ့ ကျွန်တော့်မြင်ကွင်းထဲမှာ လမ်းတစ်ခုပေါ်လာတယ်။

နောက်ထပ် နည်းနည်းလေးပဲ...နည်းနည်းပဲ...ပြီးသွားရင် ကျွန်တော် အဆင်ပြေသွားမှာ။ ပြီးရင် ဒီအကျဉ်းထောင်လို နေရာကနေ ကျွန်တော် လွတ်မြောက်နိုင်တော့မယ်။ ကျွန်တော် အဲ့လို တွေးနေတုန်းမှာပဲ...

"ညဆို ဘယ်မှမသွားဖို့ ပြောထားတယ်လေ။ အန္တရာယ်များပါတယ်ဆို။"

အသံချိုချိုလေးက အတိုင်းအတာတစ်ခုထိအောင် ကျွန်တော့်နောက် လိုက်လာတယ်။ ကြားရတာတော့ နူးညံ့သလိုဆိုပေမဲ့ ဒါပေမဲ့ အဲ့အသံက တွယ်ကပ်ပြီး ကျွန်တော့်ကို ပြန်ဆွဲခေါ်နေသလိုပဲ။ ဖြူဝင်းနေပြီး သေးသွယ်တဲ့ လက်ချောင်းတွေက ကျွန်တော့်အင်္ကျီ ကော်လာကို ဖမ်းဆွဲလိုက်တယ်။

"အီ...အီဗန်... ငါက မင်းအိပ်နေတယ် ထင်တာ...."

"မင်းက ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့အရာ လုပ်နေတာကို ငါကဘယ်လို အိပ်နိုင်မှာလဲ?"

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now