Part - {101}

987 99 5
                                    

ကျွန်တော် အီဗန့်ကို ကြောက်ပေမဲ့လည်း၊ သူ့ဆီကနေ လုံးဝကြီး မလွတ်မြောက်ပေမဲ့လည်း အီဗန့်ကို ကြည့်မိလိုက်တိုင်း ခံစားရတဲ့ ဒီခံစားချက်ကြီးကို မပယ်ဖျက်နိုင်ဘူး။ ဒီခံစားချက်တွေအကုန် ပျောက်ကွယ်သွားရင် ကောင်းမှာပဲ ဆိုပေမဲ့ သေချာတာက ပျောက်ကွယ်ကုန်မှာ မဟုတ်ဘူး။

“ဒီလိုလည်း ဖြစ်သင့်တာ မဟုတ်ဘူး ဟေးလ်”

“…ငါ”

“တောင်းပန်ပါတယ် ဟေးလ်”

“…”

“ငါ တောင်းပန်တာက ငါ့ဘေးမှာ ဟေးလ်ကို အတင်းအကြပ် နေခိုင်းခဲ့မိလို့ပါ။”

အီဗန်က ဝမ်းနည်းမှုတွေကို ပယ်ဖျက်ဖို့ ရယ်မောလိုက်တယ်။ တောင်းပန်ပါတယ် ဆိုတဲ့ စကားလုံးက ကျွန်တော့်ခေါင်းထဲမှာ မိုးချိမ်းသံလို မြည်ဟီးနေတယ်။ မြေကြီးပေါ် ချထားမိတဲ့ လက်ကို ဆုပ်လိုက်ရင်းက အီဗန့်ဆီ လက်လှမ်းလိုက်တယ်။ ကျွန်တော် လက်လှမ်းလာလေလေ၊ အီဗန်က ထောင့်နား ပိုတိုးဝင်သွားပြီး ကွေးနေလေလေပဲ။ အဲဒီ့ပုံစံက စိတ်ပျက်နေတဲ့ ပုံစံသာ ပိုဖြစ်လာတယ်။

“ငါ ဟေးလ်ကို ချစ်မိပြီး အတူတူ ရှိနေအောင် အတင်းလုပ်ခဲ့မိလို့ တောင်းပန်ပါတယ်။”

“…ဟေးလ်”

“အဲဒီ့လို မပြောနဲ့။ နောင်တ အရမ်းရနေသလိုမျိုး၊ အစကတည်းက မတွေ့ခဲ့ကြရင် ကောင်းမှာပဲ ဆိုတာမျိုးတွေ…”

ကျွန်တော် သူ့လက်မောင်းကို အားနဲ့ ကိုင်လိုက်ပြီး ဆွဲလိုက်တယ်။ စက္ကူရုပ်တမျှ ပေါ့ပါးနေတဲ့ ခန္ဓာကိုယ်က ကပ်ပါလာတယ်။ အပြာရောင် သန်းနေတဲ့ ဒဏ်ရာတွေနဲ့ အတောမသတ်နိုင်အောင် တုန်ယင်နေတဲ့ ခန္ဓာကိုယ်သေးသေးလေးကို မြင်လိုက်ရတော့ ကျွန်တော် အံကြိတ်မိသွားတယ်။

“ဒါဖြင့်ရင် ငါက ဘာလို့ မင်းကို မေ့မရတာလဲ?”

အဲဒီ့လို ပြောလိုက်တော့ အီဗန်က ဖြည်းဖြည်းချင်း မော့ကြည့်လာတယ်။ ကျောက်ရုပ်လို တောင့်တင်းနေပြီး မျက်တောင်တွေကလည်း ကြိမ်ဖန်များစွာ လှုပ်ခတ်သွားတယ်။

“ဘာလို့လဲ ဘာလို့လဲလို့ …”

ပြန်မဖြေတော့ ကျွန်တော်တို့ လက်ချင်း ဆုပ်ကိုင်လိုက်တယ်။ လက်ချောင်းချင်း ယှက်နွယ်ပြီး ဆုပ်ကိုင်ထားတဲ့ နွေးထွေးမှုက အရမ်းကို နွေးထွေးတယ်။ ပင့်ကူအိမ်လို ယှက်နွယ်တာလည်း မဟုတ်သလို၊ စွဲလမ်းစိတ်ကြောင့် ကျွန်တော့်ကို ရစ်ပတ်နှောင်ဖွဲ့ထားတာလည်း မဟုတ်ဘူး။ ဒါက အီဗန်ပရီစတင်ဆိုတဲ့ အမျိုးသားငယ်ရဲ့ လက်ကို ပထမဆုံးအကြိမ်အဖြစ် ဆုပ်ကိုင်ထားတာပဲ။ အီဗန်က တုန်လှုပ်နေတဲ့ အသံနဲ့ မေးလာတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now