Part - {54}

1.6K 179 5
                                    

ကျွန်တော့်ကိုယ်တွင်း ဘယ်လောက်တောင် ပူလောင်လာသလဲဆိုတာကို မသိပါပဲနဲ့ အီဗန်ရဲ့လက်ချောင်းတွေက ကျွန်တော့်ခြေချင်းဝတ်ကနေ တဖြည်းဖြည်း အပေါ်ကို တက်လာတယ်။ ကျွန်တော့်ခြေထောက်ပေါ်မှာ ပုရွက်ဆိတ်တစ်ကောင် သွားနေသလိုမျိုး တရွရွနဲ့။ သူ့ရဲ့လက်က အဲဒီ့အတိုင်း တက်လာနေရင်းကနေ ကျွန်တော့်ခါးနားအထိ ရောက်လာတယ်။

လက်က တဖြည်းဖြည်းတက်လာနေတာ ဖြစ်တဲ့အတွက် အချိန်အရမ်း ကြာတယ်။ အီဗန်က ဒူးထောက်ထားပြီး ကျွန်တော့်ကို ခစားနေပုံ ပေါက်ပေမဲ့ ကျွန်တော်ကတော့ ကျွန်တော်က အစေခံ၊ အီဗန်က အရှင်သခင်လို့ပဲ မြင်တယ်။ အီဗန် အသက်ရှူထုတ်လိုက်တိုင်း အပူငွေ့တွေက ကျွန်တော့်ကို လာရိုက်တယ်။

“တော်တော့!”

“Hey ဟေးလ်”

အီဗန့်လက် ထပ်မရွေ့နိုင်အောင် သူ့လက်ကောက်ဝတ်ကို ကျွန်တော် ဆုပ်ကိုင်လိုက်တယ်။ ကျွန်တော့်ရဲ့ တုန်လှုပ်နေတဲ့အသံကို မရိပ်မိအောင်လို့ ကျွန်တော် တမင်ခပ်ပြတ်ပြတ် ပြောလိုက်တာ။

“ငါတကယ် ကိုယ့်ဘာသာ လုပ်နိုင်တယ် အီဗန်”

“ဒါပေမဲ့လည်း ဒါကို ငါလုပ်ပေးချင်တယ်လေ”

ကြမ်းပြင်ပေါ်မှာ ကူကယ်ရာမရှိသလို ထိုင်ချပြီး ကျွန်တော့်ကို မော့ကြည့်နေတဲ့ ပုံစံလေးက တကယ် သနားချင်စရာလေး။ ကျွန်တော်ကပဲ သူ့ကို အနိုင်ကျင့်ပြီး အတင်းအကြပ် ဒူးထောက်ထားခိုင်းသလိုတောင် ခံစားရတယ်။ ဒါပေမဲ့ တစ်နေရာကို ကြည့်ပြီး မျက်စိအရသာခံနေတဲ့ မျက်လုံးတစ်စုံကတော့ အဓိက မဟုတ်ပါဘူးလေ။

“ဟေးလ် လက်ကို လွှတ်လိုက်လေ”

“အခုလွှတ်ပေးမယ်၊ နေအုန်းလေ…”

အနက်ရောင်ဆံပင်က ကျွန်တော့်ခါးနားထိ ရောက်လာတယ်။ အဝတ်တွေကို အသေးစိတ် ပြင်ပေးနေတဲ့ လက်တွေက ကလေးငယ်တစ်ဦးကို အဝတ်လဲပေးနေတဲ့ မိဘတစ်ယောက်ရဲ့လက်နဲ့ တူတယ်။ ဒါပေမဲ့လည်း ကျွန်တော် အဆင်မပြေဘူး။ ကျွန်တော်က ဘာမှ မလုပ်နိုင်တဲ့ လူတစ်ယောက်လို ခံစားရတယ်။ ကျွန်တော်အီဗန့်ခေါင်းကို အသာတွန်းလိုက်ဖို့ လုပ်လိုက်ပေမဲ့ နောက်ကျသွားပြီး ကျွန်တော့်လက်က အနက်ရောင်ဆံပင်တွေကိုပဲ ထိသွားတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now