Part - {24}

2.4K 342 55
                                    

"အဲ့ဒီ့လည်စီးရာက..."

အီဗန်က ကျွန်တော့်လည်ပင်းကို လက်ညှိုးထိုးပြီး ပြောတယ်။ နည်းနည်း ရုပ်ဆိုးနေလို့လား? အခု ကျွန်တော့်လည်ပင်း အခြေအနေ ဘယ်လိုရှိလဲဆိုတာ မမြင်ရဘူး။ ဟေးလ်ဗာဒီက ဖြူဖျော့တဲ့ အသားအရောင်ရှိတယ်။ ဆံပင်တင် မဟုတ်ဘူး။ အီဗန်လောက်တော့ မကောင်းပေမဲ့ သူ့အသားအရောင်ကလည်း အဖြူဖက်မှာပဲ၊ အဲ့တာကြောင့် အံ့အားသင့်ဖွယ်ကို မှတ်ချက်ကောင်း‌တွေ ရတယ်။

ဒီနား တစ်ခုခုရှိမှာပဲဆိုပြီး တွေးရင်း ဟိုစမ်းဒီစမ်း လုပ်နေတုန်း အီဗန်က တီးတိုး ပြောလာတယ်။

"အဲ့တာက လည်ပတ်နဲ့ တူတယ်"

***

ဟမ်... ဒါဆိုသူက ရုပ်ဆိုးတယ် ပြောတယ်လား? ကျွန်တော်သူ့ကို စိတ်ရှုပ်ထွေးသလို ကြည့်လိုက်တယ်။

"ဒါဆို ဒါကို ဖုံးထားစေချင်တာလား?"

ကျွန်တော်ရှပ်က ကော်လံကို ဆွဲထောင်မလို့ လုပ်လိုက်တဲ့အချိန် အီဗန်က တားလိုက်တယ်။

"ဒီလိုလည်း အဆင်ပြေပါတယ်။ ကြည့်ရတာလှတယ်"

အီဗန်က ပြုံးနေပြီး ကော်လံက ပြန်ဆွဲချမရတော့လို့ သူ(အီဗန်)က ရှပ်အင်္ကျီအနားစကို ဖြေလိုက်တော့ လည်ပင်းတစ်ခုလုံး ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ လည်စီးရာက လှတယ်လား? ကျွန်တော် မှားကြားလိုက်မိတာလား မသေချာတာမို့ ကိုယ့်နားကိုတောင် ကိုယ်မယုံတော့ဘူး။
(T/N : ဒီအပိုဒ်က နည်းနည်းထောက်နေပါတယ်။ ကော်လံက ပြန်ဆွဲချမရလို့ အနားစကို ဖြေလိုက်တယ်ဆိုတော့ အဝတ်အစားက ဘယ်လိုအဝတ်အစားလဲကို မသိတော့တာ‌ရော်။ ပုံမှန် ရှပ်အင်္ကျီကို ကြယ်သီးဖြုတ်လိုက်တယ်လို့ပဲ မြင်ပေးကြပါ)

"ငါရှေ့ဆက်သွားနိုင်ဖို့ မျှော်လင့်တယ်"
(T/N : လည်ပတ် ပတ်ပြီးရင် ဘာဆက်လုပ်ကြမလဲ? အဖြေက~ ㅋㅋㅋㅋㅋ)

စိတ်ကျေနပ်နေတဲ့အပြုံးက အီဗန်ရဲ့ မျက်နှာပေါ်မှာ ပေါ်လာတယ်။ ကျွန်တော် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်တော့ သူက ရုတ်တရက် ကျွန်တော့်ဘေးကို ဝင်ထိုင်ပြီး ထပ်ပြောတယ်။

"အိုး ငါ‌ထင်တာက မင်းရဲ့ ရှပ်ကိုချွတ်ပြီး သွားနေရင် လှမှာပဲလို့"

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now