Part - {91}

806 74 0
                                    

အဲဒီ့နောက် ကျွန်တော့်ခန္ဓာကိုယ်က ကျွန်တော့်အပိုင် မဟုတ်တော့သလို ခံစားရတယ်။ အရာအားလုံးကို အရှုံးပေးလိုက်ပြီးနောက် လက်တစ်ဖက်စာလောက်သာ ရှိတဲ့ အရှုံးမပေးလိုစိတ်တွေက ပျောက်ဆုံးသွားတော့တယ်။ တစ်ခါတစ်လေ ကျွန်တော် အီဗန်ကြောင့်ပဲ ဒီလိုဖြစ်လာရတာလားလို့ တွေးမိပေမဲ့ အဲဒီ့အတွေးကိုလည်း ဖယ်ထားလိုက်တော့တယ်။ ဘာလို့လဲဆိုရင် အဲဒါလည်း အလကားပဲ။

“ဟေးလ်။ ငါဝင်လာပြီနော်။”

တံခါးခေါက်သံ ကြားလိုက်ရတာနဲ့ ပြုစားခံလိုက်ရတဲ့ လူလို ထထိုင်မိသွားတယ်။ မူရင်းအတိုင်းပဲ သွားတော့မယ်လို့ ဘယ်လောက်ပဲ ဆုံးဖြတ်ထားပါစေ၊ အီဗန်ကို မြင်လိုက်တာနဲ့ ကြောက်လန့်တကြား နောက်ဆုတ်မိတုန်းပဲ၊ တစ်ခါခံရဖူးရင် တစ်သက်လုံး မမေ့တော့သလိုပေါ့။ စားစရာတွေ အပြည့်နဲ့ အီဗန်က ကျွန်တော့်ကို ကြည့်လာတဲ့အခါ ကျွန်တော် အမြန်ပဲ တောင်းပန်လိုက်တယ်။

“ငါ တောင်းပန်ပါတယ်။ ငါ နည်းနည်း လန့်သွားလို့…”

ယိုင်နဲ့နဲ့ ခြေထောက်တွေကို အရှေ့တိုးသွားလိုက်တယ်။ လေးလံလွန်းနေတဲ့ ခန္ဓာကိုယ်က အီဗန်နား ကပ်သွားတယ်။ ဝေးကွာသွားကြသလို ခံစားချက်မျိုးကြောင့် အီဗန်က စိတ်ကျေနပ်ပါ့မလား မသိနိုင်တာမို့ အိပ်ရာရဲ့ အစွန်းနားအထိ တိုးသွားလိုက်တယ်။

“ဟေးလ် ငါ့ကို အဲဒီ့လိုမျိုး မကြည့်ရဘူးလေ”

“မကြည့်တော့ဘူး! မင်းကို စိုက်ကြည့်နေသလိုမျိုး ဖြစ်သွားတာလား? တောင်းပန်ပါတယ်။”

“… ဟေးလ် သက်သာသလိုပဲ နေပါ။”

ကျွန်တော် တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။ ဒါပေမဲ့ ‘ကျွန်တော် သက်သာသလို’ဆိုတာ ဘယ်လိုနေရမလဲ ကျွန်တော် မသိတာမို့ ကြံရာမရ ဖြစ်လာပြန်တယ်။ ကျွန်တော် သူ့ကို ဂရုစိုက်ပြီး သူပြောသလို နာခံပေမဲ့ အီဗန်က ပျော်နေဖို့ နေနေသာသာ အတော်လေး ခြောက်ကပ်ကပ်ဖြစ်နေတယ်။ ကျွန်တော် လက်တွေကို ဒီလို ချထားလိုက်ရင် အဆင်ပြေရဲ့လား? ခြေထောက်တွေကကော ဒီလို ထားတာ မှန်ရဲ့လား?
(T/N : ဟေးလ်က သူ သက်တောင့်သက်သာ နေကြောင်း ပြချင်တာ။)

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now