Part - {28}

2.4K 321 63
                                    

တည်ငြိမ်နေတဲ့အသံတစ်ခု ပေါ်ထွက်လာတယ်။ ဒီကလေးက တကယ်ကို အရူးပဲ။ ဒီလိုအခြေအနေမှာတောင် မင်းက ဟေးဗာဒီကို တွေးနေသေးတယ်ပေါ့။

"အရမ်းနာလား?"

ဆုပ်ကိုင်ထားတဲ့လက်ကို အားပိုထည့်လိုက်တယ်။

"အဲ့တာကြောင့် ခင်ဗျားက ကျွန်တော့်ရဲ့ဟေးလ်ကို မထိခဲ့သင့်တာ‌ပေါ့။ ကျွန်တော် မကြိုက်ဘူးလေ"

ကျွန်တော့်ရဲ့ ဆို့နင့်နေတဲ့အသံကို ကြားလိုက်ရတော့ ပရီစတင်က မျက်ခုံးပင့်လိုက်တယ်။ သူ့ရဲ့တုန်ခါနေတဲ့လက်က ကျွန်တော့်ဆီကနေ လျှောကျသွားတယ်။

"ပြောချင်တာကလေ၊ ကျွန်တော် ပြောတာကို သိတယ်မလားလို့?"

အီဗန်ပရီစတင်က ပေါ့ပါးလျင်မြန်တဲ့ ခြေလှမ်းတွေနဲ့ ဆေးပေးခန်း တံခါးဝအထိ သွားလိုက်ပြီး သူ့အဝတ်အစားကို သပ်ရပ်အောင် ပြင်လိုက်တယ်။

"အိုး၊ ကျွန်တော် ဟေးလ်ကို စိတ်ပူလို့လေ"

ပြီးတော့ သူက ဘာမှမဖြစ်ခဲ့တဲ့အတိုင်း အေးဆေးပဲ ပြောလာတယ်။

"ကျွန်တော် သွားလိုက်တော့မယ်"

အဲ့အချိန်မှာပဲ အီဗန်က ရွှင်ရွှင်ပြပြ ပြုံးလိုက်ပြီး ဟေးလ်ဗာဒီရဲ့ ကြည့်ကောင်းတဲ့ပုံအချို့ကို ယူသွားတယ်။

"ဒီဟာအတွက် ကျေးဇူးပါ"

မကောင်းတဲ့အရူးကောင်။

သူ(ရူဒယ်)က ဗိုက်ကို ထိန်းကိုင်ပြီး ဒယိမ်းဒယိုင်နဲ့ ထရပ်လိုက်တယ်။ အကြိမ်ရေအနည်းငယ် အသက်ရှူလိုက်ပြီးနောက်တော့ သူတည်ငြိမ်လာခဲ့ပြီ။ ပြီးတော့ တစ်ချိန်ထဲမှာပဲ ဒေါသကပါ ပါဝင်လာတယ်။ သူဆေးပစ္စည်းတွေ ပါဝင်တဲ့ အံဆွဲကို စိတ်လှုပ်ရှားစွာ ပစ်ထုတ်လိုက်တယ်။ စူးရှရှ အနံ့အသက်တွေက သူ့နှာခေါင်းထဲ ရောက်လာတယ်။

"ငါက ကျောင်းသားတစ်ယောက်ကို နောက်ယောင်ခံလိုက်တော့ရော ဘာဖြစ်လဲ? ရွံ့စရာကောင်လား။ ကိုယ့်ကိုကိုယ် ပြောနေတာပဲ"

ကျွန်တော် ခြေလှမ်းစရင်တောင် အဲ့ဒီ့အကောင် တွန်းအားပေးတာ မခံချင်ဘူး။ ကျွန်တော်သာ ဒီမှာ ရပ်ခဲ့ရင် ကျွန်တော်ရှုံးသွားလိမ့်မယ်။ အီဗန်ပရီစတင်ကတောင်မှ ကျွန်တော့်ထက် ရူးနှမ်းသေးတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now