Part - {58}

1.5K 172 9
                                    

"ဟေးလ် ဘာလုပ်နေတာလဲ?”

“ဒါတွေ ညှိုးကုန်ပြီ”

အီဗန်က ကြွေကျနေတဲ့ ပန်းပွင့်ချပ်တစ်ခုကို ကောက်လိုက်တယ်။ အဲဒီ့နောက် ပွင့်ချပ်လေးက မရည်ရွယ်ပါပဲနဲ့ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်။ အီဗန်က အခုလေးတင်မှ နိုးလာပေမဲ့လည်း သူ့အဝတ်အစားတွေက သပ်သပ်ရပ်ရပ်ပဲ။

“ဟေးလ်အတွက် ပန်းအသစ်တွေ ဝယ်ပေးမယ်လေ။ ဟေးလ်က ပန်းကြိုက်တာပဲ”

“…ရပါတယ်”

ကျွန်တော် အီဗန်နဲ့ မှန်လုံအိမ်ထဲ သွားပြီးကတည်းက ပန်းနံ့တွေက ကျွန်တော့်ကို ခေါင်းမူးလာစေတော့တာပဲ။ ကျွန်တော်က နှင်းဆီပန်းတွေကို အရမ်းလှတယ်လို့ တွေးခဲ့တာ။ အဲဒီ့နှင်းဆီပန်းတွေက ချစ်စရာကောင်းပြီး အရောင်အသွေးကြွယ်လို့ ကျွန်တော်ကြိုက်ခဲ့တာ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ နှင်းဆီတွေက ကြောက်စရာကောင်းတဲ့ နောက်ခံဇာတ်လမ်းရှိတဲ့ ပန်းတွေပဲ။
(T/N : နှင်းဆီတွေမှာက ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေ အများကြီးရှိပါတယ်။ နှင်းဆီနီဆိုရင် မိခင်တစ်ဦးရဲ့ နှလုံးသွေးကြောင့် နီသွားရတာ၊ ဂရိဖက်မှာဆိုရင် အာဖရိုဒိုက်နတ်သမီးက သေအံ့ဆဲဆဲ အာဒိုးနစ်ဆိုတဲ့ ချစ်သူဆီ ပြေးသွားရာက နှင်းဆီခြုံတွေကြောင့် ခြေဖဝါးမှာ ဆူးစူးပြီး သွေးထွက်ကုန်တာကြောင့် နီကုန်တာ စသဖြင့် များစွာ ရှိပါတယ်။ အဲဒီ့လိုပဲ နှင်းဆီနက်၊ နှင်းဆီဖြူတွေမှာလည်း သမိုင်းကြောင်းတွေ ရှိတယ်ရယ်။ ဖတ်ချင်ရင်တော့ ဂူးဂလူးမှာ ခေါက်ကြည့်ကြပါနော်။)

အီဗန်က နှင်းဆီတစ်ပွင့်နဲ့ တူတယ်။ အီဗန်က ပန်းတစ်ပွင့်ဖြစ်နေခဲ့ရင်တောင် နှင်းဆီနက်ပဲ ဖြစ်လောက်တယ်။

ကျွန်တော် နှင်းဆီရိုးတံကို ကောက်ယူလိုက်တယ်။ ဆူးတွေ ဖယ်ထားပြီး ခြောက်သွေ့နေတဲ့ ရိုးတံက ကျွန်တော် ထင်ထားတာထက်တောင် ခြောက်သွေ့နေသေးတယ်၊ ကျိုးကြေသွားတော့မလိုမျိုး။ ကျွန်တော် ခဏတဖြုတ် စိုက်ကြည့်နေတုန်း ကျွန်တော့်မြင်ကွင်းတွေက ပိတ်ဆို့ခံလိုက်ရတယ်။ နူးညံ့တဲ့ လက်တွေက မျက်လုံးနှစ်ဖက်လုံးကို အုပ်ထားပြီး အားပါတာကြောင့်မလို့ နာလာရတဲ့အထိ။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now