Part - {15}

3.3K 437 45
                                    

ကျွန်တော် မကြားနေသင့်တဲ့(အိပ်ချင်ယောင်ဆောင်လို့)အသံကို ကြားလိုက်ရလို့ တစ်ဝက်လောက် အလျော့ပေးလိုက်ပြီး တင်းတင်းပိတ်ထားတဲ့ မျက်လုံးတွေကို ငြင်ငြင်သာသာလေး ဖွင့်လိုက်တယ်။ ကျွန်တော် ထဖို့လုပ်တော့ ကျွန်တော့်ဗိုက်နားမှာ လေးလံတဲ့ အလေးချိန်တစ်ခုကို ခံစားလိုက်ရတယ်။ အီဗန်က ကျွန်တော့်ဗိုက်ပေါ် ခေါင်းတင်ထားပြီး ကြမ်းပြင်ပေါ်မှာ ထိုင်နေတယ်။

"ငါ လုံးဝမအိပ်ရသေးဘူး"

သားချော့တေးလို ချိုသာတဲ့ အသံတစ်ခုက မသိနိုင်တဲ့ ကြောင့်ကြ‌မှုတွေ ပါဝင်နေသလိုမို့ ကျွန်တော့်နှလုံးသားလည်း လှုပ်ရှားသွားရတယ်။

"...ငါတောင်းပန်ပါတယ်"

"ဘာအတွက် တောင်းပန်တာလဲ?"

***

ကျွန်တော် ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်တယ်။

"ငါမင်းကို ရှောင်နေတာ"

"မင်းတမင် လုပ်နေတာပဲပေါ့"

"အဲ့တာက... တောင်းပန်ပါတယ်"

အီဗန်က ကျွန်တော့်ရဲ့ ဝမ်းဗိုက်ကြွက်သားတင်းတင်းတွေပေါ် မှောက်အိပ်နေရင်းကနေ တစ်ဖက်လှည့်သွားတယ်။ ရှုပ်ပွသွားတဲ့ ဆံပင်တွေကတော့ ပြေကျသွားတယ်။ လိပ်ပြာမသန့် ဖြစ်သွားသလို ခံစားချက်ကြီးက တိုးထွက်လာပြီး ဘာမှ ‌မဖြစ်ပါပဲနဲ့ ကျွန်တော့်ကိုယ်က ဆတ်ကနဲ တုန်တက်သွားတယ်။

"ငါ ကြားချင်တာက တောင်းပန်စကားမဟုတ်ဘူး။"

'အဲ့တာက ငါကြားချင်တဲ့စကားရဲ့ အကြောင်းပြချက်ပဲ။'

သူက ထူးဆန်းတဲ့ စကားတိုးတိုးလေးတွေ ထပ်ပြောလိုက်ပြီးမှ လုံးဝ အသံတိတ်သွားတယ်။ အီဗန်က ဘာမှ ထပ်မပြောတော့ဘူး။ အချိန်ကြာ တိတ်ဆိတ်သွားခဲ့တယ်။ ကျွန်တော် သူ့ကို အသံတိတ်နေခိုင်းထားတာ မဟုတ်တဲ့အတွက် အီဗန်က သက်ပြင်းရှည်ကြီး ချလိုက်သေးတယ်။

အဲ့တာက ပထမဆုံးအကြိမ်အဖြစ် သူသက်ပြင်းချတာကို မြင်ဖူးတာပဲ။ အနည်းဆုံးတော့ ကျွန်တော်ရှေ့မှာဆို သူကအမြဲပြုံးနေတတ်တော့ ပိုလို့တောင် ထိတ်လန့်သွားရတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now