Part - {13}

3.5K 489 24
                                    

"...အဲ့လိုအခြေအနေမျိုးမှာ စိတ်ပူကြမှာ သဘာဝပဲလေ။ လူတိုင်းက ဂရုစိုက်ကြတယ်မလား?"

"ဟင့်အင်း ဟေးလ်။ မင်းပဲ"

***

အီဗန်က ကျွန်တော့်ကို ကြည့်နေခဲ့ပြီး သူ့မျက်လုံးတွေက ကြယ်ပင်လယ်လိုမျိုးလေး တောက်ပနေခဲ့တယ်။ အီဗန်က အမြဲလိုလို သပ်သပ်ရပ်ရပ်နဲ့ ကျော့မော့နေတတ်တဲ့ ပုံစံဆိုပေမဲ့ တစ်ခါတစ်လေကျ လောကကြီးထဲက သူကလွဲ ဘယ်အရာမှ အရေးမပါတော့သလိုမျိုး တောက်ပနေတတ်တဲ့ ရှားရှားပါးပါး အချိန်လေးတွေလည်း ရှိတတ်တယ်။ အီဗန်၊ အနည်းငယ် အထီးကျန်ဆန်တဲ့သူ၊ တစ်မျိုးတစ်ဖုံလည်း ထိန်းချုပ်မရနိုင်အောင် လှပလွန်းသူကို ကျွန်တော် ငေးကြည့်နေခဲ့မိတယ်။

"ပြီးတော့ မင်းက အရမ်း ထူးခြားတယ်လေ"

သေချာတဲ့ အချက်အလက်တွေကို ပြောပြနေသလိုမျိုး အဲ့ဒီ့အသံမှာ အားအင်တွေ ပါဝင်တယ်။ အီဗန်ရဲ့ မဟူရာရောင် မျက်ဝန်းတွေက ကျွန်တော့်အကြောင်းစုံ သိရှိနေသလိုမျိုးပဲ။ အဲ့တာက အနည်းငယ် ကြက်သီးထရပေမဲ့ ချွဲနွဲ့သလို စကားလေးက ကျွန်တော့်ကို ရင်ခုန်စေတယ်။ ဒီစကားက အတော် အဓိပ္ပါယ် ပြည့်ဝနေသလိုပဲ။ ကျွန်တော် စကားကို သေချာထိန်းပြောလိုက်တယ်။

"ထူးခြားတယ်ဆိုတာ ဘာကို ပြောချင်တာလဲ?"

"အဲ့တာက"

ကျွန်တော်က ကြောင်အနေသလို သူကလည်း ကျွန်တော့်ကိုပဲ ကြည့်နေပြီး သူကိုင်ထားတဲ့ ဖောင်တိန်အဖျားလေးကို ကိုက်လိုက်တယ်။ သူ့ရဲ့ နီထွေးနေတဲ့ လျှာဖျားလေးက ဖောင်တိန်ထောက်တဲ့ အပြားပါးပါးလေးကို ထိလိုက်တယ်။ ကျွန်တော် သူ့နှုတ်ခမ်းတွေဆီကနေ အကြည့်မလွှဲနိုင်ခဲ့ဘူး။ ကျွန်တော် မျက်လုံးတွေကို နေရာရွေ့ဖို့ ကြိုးစားရင်း အဓိပ္ပါယ်မရှိ စာအုပ်စင်ပေါ်က စာအုပ်တွေ ဟိုရွေ့ ဒီရွေ့လုပ်လိုက်တယ်။ ကျွန်တော့်ရဲ့ ဘေးတစ်ခြမ်း မျက်နှာကနေ ခံစားနေရတဲ့ ပြင်းပြလှစွာသော အကြည့်တွေကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာတယ်။

"ဘာကိုဆိုလိုတယ် ထင်လဲ?"

"...ငါမသိဘူး"

"အဲ့တာက မင်းက ငါ့ရဲ့ အရာအားလုံးလို့ ပြောချင်တာပဲ"

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now