Part - {46}

1.8K 213 15
                                    

အော့အန်ချင်စိတ်ဖြစ်လာပြီး ကျွန်တော် အမြန် နောက်ဆုတ်လိုက်တယ်။ ပါးစပ်တစ်ခုလုံး ချိုမြနေတယ်။ စီးကျလာတဲ့ တံတွေးတွေက ချောကလက်အရောင် ဖြစ်သွားတယ်။ စွတ်စွတ်ဖြူနေတဲ့ အဖြူရောင်အဝတ်ကလည်း အညိုရောင်တွေ စွန်းထင်းသွားတယ်။

“အိုး၊ ဒါက အရမ်းကြီးနေတာပဲ။”

အီဗန်ရဲ့ လက်တွေကလည်း ချောကလက်အရည်တွေကြောင့် ညိုနေတယ်။ သူက တစ်ဝက်ကိုက်ထားတဲ့ ချောကလက်ပြားကို ပါးစပ်ထဲ ထည့်လိုက်တယ်။ အီဗန်က သွားရာကြောင့် နည်းနည်းပဲ့သွားတဲ့ ချောကလက်ပိုင်းကို ကိုက်လိုက်တယ်။ မူလကထက် သေးသွားပြီဖြစ်တဲ့ ချောကလက်က ‘ကလစ်’ဆိုတဲ့ အသံနဲ့အတူ ကျိုးသွားတယ်။

“ဒါဆို တစ်လုတ်ထဲနဲ့ စားလို့ရပြီလား?”

အီဗန်ရဲ့ ပါးစပ်ထဲကနေ ချောကလက်ပိုင်း သေးသေးလေး ထွက်လာတယ်။ ပါးစပ်ထဲ ထည့်ထားတဲ့အတွက် တံတွေးတွေ ပေနေတဲ့ဟာပဲ။

“Hey, မင်းဒီလို စားတာလား?”

“အင်း။ ဟေးလ်က ချောကလက် ကြိုက်တယ်လေ”

“အဲ့လို မဟုတ်ဘူးလေ...”

အီဗန်က ခေါင်းလေး စောင်းပြီး ကြည့်လာတယ်။ အဲ့ဒီ့နောက် သူက တစ်ခုခုကို သတိထားမိသွားသလို ကျွန်တော့်ကို စိုက်ကြည့်ရင်းနဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားတယ်။ တစ်ခုခုကို စိုးထိတ်လာတာပေါ့။ အဲ့ဒီ့လိုမျက်နှာနဲ့ အီဗန်က အမြဲလိုလို ညစ်ညမ်းတာတွေ ပြောတော့တာပဲ။

“အဲ့လို မဟုတ်ဘူးဆိုရင် ငါပါးစပ်နဲ့ ခွံ့ကျွေးမယ်လေ...”

အီဗန်က သူ့လက်ထဲက ချောကလက်ကို အမြန်ကိုက်စားလိုက်တယ်။ ကျွန်တော် အဆုံးထိ နားမထောင်ရင်တောင်မှ သူဘာပြောမှာလဲဆိုတာ သိနေပြီ။ ချောကလက်က ရုတ်ချည်းပျောက်သွားပြီး အီဗန်က ပြုံးနေတယ်။ အဲ့ဒီ့နောက် သူက ကျွန်တော့်ပါးစပ်မှာ ပေနေတဲ့ ချောကလက်အရည်တွေ သုတ်ပေးပြီး ပြောလိုက်တယ်။(T/N : ကျွေးပြီးသွားပြီ။)

“ဟေးလ်က အစားအစာကို ကောင်းကောင်းစားနေရင် သိပ်လှတာ”

အီဗန်က ညစ်ပေသွားတဲ့ သူ့လက်ကို စုပ်လိုက်တယ်။ ဒီလို မရည်ရွယ်ဘဲ လုပ်လိုက်တဲ့ အပြုအမူက အရမ်းအူယားစေတာပဲ။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now