Part - {31}

2.2K 329 5
                                    


မူရင်းဝတ္ထုရဲ့ အင်အားက ထင်ထားတာထက်ကို သန်မာတယ်။ အတန်းပြီးသွားတာနဲ့ ချက်ချင်းပဲ လွယ်အိတ်တွေ သိမ်းပြီး ကျောင်းကနေ ပြန်ဖို့ လုပ်တယ်၊ ဒါပေမဲ့ ကျောင်းကောင်စီက ကျောင်းသားတစ်ယောက်နဲ့ ပက်ပင်းတိုးပါ‌ရောလား။ လူအုပ်ထဲမှာတောင် အီဗန်ကို ကွက်တိတွေ့တဲ့ ကျောင်းသားက အီဗန်ကို လှမ်းခေါ်တယ်။

ကျွန်တော် ခိုးထွက်ဖို့ လုပ်လိုက်ပေမဲ့ အနီးက အခြားကျောင်းကောင်စီက လူတွေပါ အီဗန်ကို ဝိုင်းကြည့်လာတော့ လမ်းကြောင်းပြောင်းပြီး အီဗန်နဲ့အတူ စာကြည့်တိုက်သွားဖို့ ပြင်လိုက်ရတော့တယ်။ အဆောင်ခန်းကို အစောပြန်ရောက်ရင်လည်း ဝေမျှစားကြသလိုလိုနဲ့ အီဗန်ကို နမ်းရအုန်းမှာပဲ။ ပြီးတော့ အီဗန်က ဒီလောက်အနိုင်ကျင့်ခံထားရတာ၊ သူသာ ဒီနေ့မသွားရင် ရှေ့လျှောက် ကျောင်းကောင်စီကလူတွေ အီဗန်ကို ဘယ်လိုဆက်ဆံမယ်ဆိုတာ ရှင်းနေတာပဲလေ။

ဒီတိုင်း ဖြစ်ပျက်သွားမှာကို ကြည့်နေမှာထက် ကျွန်တော့်ပေါ်ကို စာအုပ်တွေ ကျလာတာကမှ ပိုကောင်းသေးတယ်။

ဒုတိယ ရွေးချယ်စရာလည်း ရှိနေတာပဲ၊ အီဗန့်အပေါ် စာအုပ်တွေ ပြုတ်ကျလာတာကို ကာကွယ်ပေးတာ။ ဒါက သိပ်တော့ ပြဿနာမကြီးလောက်ပါဘူး။ ဘာလို့‌ဆို စာအုပ်တစ်အုပ်စာလောက်က ကျွန်တော် အယားပြေရုံပဲရှိသေးတာ။

"ဒီမှာ"

အီဗန်က ထိုင်ချလိုက်ပြီး ပုံးထဲကနေ စာအုပ်တစ်အုပ် ထုတ်လိုက်တယ်။

"အာ ကျေးဇူး"

မူရင်းဝတ္ထုမှာက အီဗန့်လက်က‌နေ စာအုပ် လွတ်ကျသွားပြီး ဒဏ်ရာရသွားတာမို့ ကျွန်တော် သူ့နေရာကို နည်းနည်း ပြောင်းလိုက်တာ။ အီဗန် ပုံးထဲကနေ စာအုပ်တစ်အုပ် ထုတ်လိုက်ရင် ကျွန်တော်ပဲ စာအုပ်စင်ပေါ် တင်လိုက်တော့တယ်။ ဘာပဲပြောပြော အီဗန်ရဲ့အရပ်က စာအုပ်စင်ရဲ့အစွန်းကို မမှီတာမို့ ကျွန်တော့်အတွက် အကျိုးရှိရှိနဲ့ နည်းလမ်းအများကြီး ရှိလာတာ‌ပေါ့။

စာအုပ်ကတော့ တော်တော်ကို ထူတာပဲ။ အဘိဓာန်စာအုပ်ပဲ ဖြစ်ရမယ်။ သေးသွယ်ပြီး နူးညံ့တဲ့ လက်က ကျွန်တော့်လက်မောင်းထက်တောင် ထူတဲ့စာအုပ်ကို ကိုင်ထားတာ မြင်ရတဲ့အချိန် မျက်မှောင်ကြုံ့လိုက်မိတော့တယ်။ ကျောင်းကောင်စီက ကျောင်းသားတွေထဲမှာ သန်သန်မာမာရှိတဲ့လူတွေ အများကြီးပါ၊ အဲ့တာကို သူတို့က ဘာလို့အီဗန်ကို ခိုင်းရတာလဲ? အီဗန်က အဲ့လောက် အားမနည်းမှန်း သိပြီးသားဆိုပေမဲ့ သူ့ပုံစံကို ကြည့်တာနဲ့တင် သူ့ကိုဂရုစိုက်ပေးဖို့ လိုတယ်လို့ပဲ ခံစားရတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now