Part - {85}

815 85 3
                                    

“မင်း နေမကောင်းဘူးလား?”

ကြည့်ရတာ အီဗန်က ဒီရက်ပိုင်း အိပ်ရေးတွေ ပျက်ခဲ့တယ် ထင်တယ်၊ သူ့ပုံစံက ဖြူဖျော့နေတာပဲ၊ အဲဒါကြောင့် တစ်နေရာရာက နေလို့ မကောင်းဘူး ဆိုရင်တောင် မထူးဆန်းတော့ဘူး။ သူ အအေးမိနေတယ်လို့ ပြောတာတော့ မဟုတ်ပါဘူး။

“မဟုတ်ဘူး”

ကျွန်တော် ကြားလိုက်ရတဲ့အသံက တိုးညှင်းနေတယ်။ ကျွန်တော် ရေချိုးခန်းထဲ မဝင်ခင်က သူ့မှာ ရွှင်လန်းတက်ကြွနေတဲ့ အသံနဲ့လေ။ ဒီအချိန်ကြားထဲ မကောင်းတာ တစ်ခုခုများ ဖြစ်သွားသလား သိချင်မိတယ်။ အပြာရောင် အမှိုက်အိတ်*ထဲမှာတော့ မှတ်စုစာအုပ် အများကြီးက တွန့်ကြေလျက်သား လွှင့်ပစ်ထားတာကို တွေ့လိုက်ရတယ်။

ကျွန်တော် အီဗန်နား တိုးသွားလိုက်တယ်။ ဒါပေမဲ့ အီဗန်က မော့မကြည့်လာဘူး။ သူ့ရဲ့ အနက်ရောင် ဆံပင်တွေက သူ့ရဲ့ ဘေးမျက်နှာကို ဖုံးကွယ်ထားပြီး အီဗန့် မျက်နှာအမူအရာကို မြင်ရဖို့ အခက်အခဲ ဖြစ်နေတယ်။ သူ ဘာလို့ ဒီလို ဖြစ်နေရတာလဲ?

“ဟေးလ်”

အီဗန်က ကျွန်တော့်နာမည်ကို ခေါ်ပြီး ရပ်သွားတယ်။ သူက ထိုင်နေရာကနေ ကျွန်တော့် အင်္ကျီစကို ဆွဲလိုက်တယ်။

“အီဗန်? ဘာလုပ်တာ အာ့…”

အဲဒီ့နောက် လေတိုးသံပဲ ကြားလိုက်ရတယ်။ မျက်တစ်ခတ်အတွင်း ကျွန်တော့်ကျောပြင်က နံရံနဲ့ တိုက်မိပြီး အီဗန်က ကျွန်တော့်ရှေ့မှာ ရောက်နေတယ်။ ကျွန်တော့် ခေါင်းပေါ် တင်ထားခဲ့တဲ့ တဘက်ကလည်း ကျွန်တော့် ခြေထောက်အောက်မှာ တက်နင်းမိထားပြီ။

“ဟေးလ်က ငါနဲ့အတူ အချိန်နောက်ပြန်ချင်လား?”

“နောက်ပြန်မယ်? အီဗန် မင်း ပြောချင်တာကို ငါနားမလည်ဘူး၊ လက်က…”

အီဗန်က ကျွန်တော့် လည်ပင်းကို ညှစ်မဲ့ဟန်နဲ့ လက်ဆန့်တန်းလာတယ်။ ဒါပေမဲ့ သူ့လက်က ကျွန်တော့်လည်ပင်းဆီ မရောက်လာဘဲ မျက်နှာကို တိုက်ရိုက် ဦးတည်သွားတယ်။ သူက ကျွန်တော့်ပါးကို ဆုပ်ကိုင်ထားပြီး ကျွန်တော့်နဖူးနဲ့ နဖူးချင်း တိုက်လိုက်တယ်။ နှစ်ယောက်လုံးရဲ့ လည်ပင်းတွေကနေ ချိတ်ထားတဲ့ ဆွဲသီးတွေဆီက ပွတ်တိုက်မိသံတွေ ထွက်လာပြီး ပဲ့တင်ထပ်သလိုမျိုး ဖြစ်သွားတယ်။ အီဗန်က ကျွန်တော့်ကို နမ်းတော့မလိုမျိုး ခေါင်းစောင်းလိုက်တယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အသက်ရှူငွေ့တွေကို ခံစားနိုင်ပြီး နှုတ်ခမ်းတွေ အချင်းချင်း ထိသွားချိန် အီဗန် ထုတ်ပြောလာတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now