Part - {87}

1K 109 4
                                    

ကျွန်တော် နောက်ပြန်ဆုတ်လိုက်တယ်။ ကျွန်တော်နဲ့ ဝေးကွာသွားတာကို အီဗန် မြင်တဲ့အခါမှာတော့ ကြံရာမရဖြစ်စွာ လက်ဆန့်လိုက်ပြီး ဖမ်းဆုပ်ဖို့ ကြိုးစားနေတယ်။ ဒီလိုဖြစ်နေတဲ့ အလယ်မှာတောင်မှ အီဗန့်နားက ပတ်ပတ်လည်မှာတော့ တလက်လက်တောက်ပနေပြီး သူ့ကို အဓိကgong တစ်ယောက်ဖြစ်ကြောင်း ဖော်ညွှန်းနေသလိုပဲ။ အနက်ရောင် မျက်လုံးတွေရဲ့ ရူးနှမ်းမှုတွေထဲမှာ ဝေဝါးမှုတွေက ပြည့်နှက်နေတယ်။

သနားစရာ ကောင်းစွာ ပွင့်လန်းလာတဲ့ ပန်းတစ်ပွင့်လိုပဲ။ ကြွေထည်လို ချောမွေ့နေတဲ့ အသားအရည်ပေါ်မှာ အညစ်အကြေးတွေ ဖုံးလွှမ်းလျက်က အီဗန်က ကျွန်တော့်ကို ခေါ်လိုက်တယ်။

“ဟေးလ်”

သတိလျော့သွားပေမဲ့ ပြန်ထိန်းလိုက်ပြီး အီဗန်ကို ချန်ခဲ့လိုက်ကာ ရပ်ဖို့ စိတ်ကူးမရှိခဲ့ဘူး။ ကျွန်တော် နောက်ထပ်တစ်လှမ်း ထပ်ဆုတ်လိုက်တယ်။ အဲဒီ့နောက် အီဗန်ရဲ့ မျက်လုံးတွေက ကြည်လင်တောက်ပမှုနဲ့အတူ တောက်ပလာတယ်။ အနီရောင် ဖြစ်လုလု မျက်ရည်တွေကနေ ကျောက်မျက်ရတနာတွေ ထွက်ကျလာသလိုပဲ။
(T/N : မျက်လုံးနီလာတော့ မျက်ရည်ကြည်တွေကပါ နီလာသလို ထင်ရတာပါ။)

“ငါ နေလို့ မကောင်းဘူး”

ပထမဆုံးအကြိမ်အဖြစ် အီဗန့်ရဲ့ မျက်ရည်တွေကို မြင်လိုက်ရတော့ ကျွန်တော် တွန့်ဆုတ်သွားတယ်။ တကယ်ပဲ နေလို့မကောင်းသလို အီဗန်က သူ့ဗိုက်ကို အုပ်ကိုင်ပြီး တုန်ယင်နေတာ။ သွေးရောင် မရှိတော့တဲ့ မျက်နှာနဲ့အတူ မျက်လုံးထောင့်စွန်းတွေက ရဲတက်လာတယ်၊ ပြီးတဲ့နောက် မျက်ရည်တွေက ဆက်တိုက် ကျဆင်းလာတယ်။

ကျွန်တော် သူ့ကို ငိုသွားအောင် လုပ်ဖို့ မရည်ရွယ်ပါဘူး။ အတော်လေး နာနေတဲ့ပုံပဲ။ ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ? ကျွန်တော် ဘယ်လို လုပ်ရမလဲ? ကျွန်တော် ထွက်ပြေးဖို့ လိုပေမဲ့ သူက အဲဒီ့လို ငိုနေတယ်။ ကျွန်တော် အခု ထွက်ပြေးဖို့ လိုတယ်လေ။

ကျွန်တော် မသိလိုက်ခင်မှာပဲ အီဗန်ဆီကို ခြေလှမ်းအနည်းငယ် လှမ်းမိသွားပြီးပြီ။ အီဗန်က သူငိုနေမိတဲ့ မျက်နှာကို မပြချင်လို့ ဖုံးကွယ်ထားသလိုမျိုး ကိုယ်ကို ကိုင်းထားတဲ့ အီဗန့်ပုံရိပ်ကို မြင်နေရတယ်။ ဒီလိုအချိန်မှာတောင်မှ ဒီ သောက်ခန္ဓာကိုယ်က ရေစိုစွတ်နေတဲ့ ဂွမ်းစလိုမျိုး ထိုင်းမှိုင်းလေးလံနေတယ်။ ကျွန်တော့်ခေါင်းတင် မူးဝေလာတာ မဟုတ်ဘဲ ကျွန်တော့်မြင်ကွင်းကပါ ဝေဝါးစ ပြုလာပြီ။ အဲဒီ့နောက် ရပ်တည်နေရာက ပြောင်းလဲသွားတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now