Part - {94}

789 81 0
                                    

“…အင်း”

အချိန်တွေ ကုန်လွန်သွားခဲ့ပြီ။ ကျွန်တော် အဝေးကြီး လိုနေသေးတယ် ထင်ခဲ့တဲ့ ဇာတ်သိမ်းက ကျွန်တော့်ရှေ့တင်ပဲ။ ဒီနေ့က ဩဂုတ်လ ၃၁ရက်နေ့။ မူရင်းဝတ္ထုရဲ့ နောက်ဆုံးရက်။ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့တွေအကုန် အစကနေ ပြန်စကြရတော့မယ်။ ဒီနေ့ကို ရောက်လာရင် ကျွန်တော် ဝမ်းနည်းရမယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ ကျွန်တော် ထင်ထားတာထက် စိတ်လှုပ်ရှားရတာကလွဲပြီး ဘာမှ မရှိဘူး။ အချိန်တွေ နောက်ပြန်ရောက်သွားရင်တောင် ဒီအခြေအနေမှာပဲ ရှိနေအုန်းမှာပဲလေ။

အီဗန်က ဘာအမူအရာမှ မရှိဘဲ နှုတ်ခမ်းတွေ စေ့ပိတ်ထားကာ ကျွန်တော့်ကို ကြည့်နေခဲ့တယ်။ သူ့ပုံစံက ပြောစရာ တစ်ခုခု ရှိနေပေမဲ့ အရင်ကနဲ့ မတူအောင်ကို တုံ့ဆိုင်းနေတယ်။

“… ငါက ဟေးလ်ရဲ့ ဘေးနား ရှိမနေရင်တောင် ဟေးလ်က ငါ့ကို ပျော်ရွှင်စေချင်တာလား?”

ဘာလို့ သူ ဒီလို မေးရတာလဲ? အီဗန်က ကျွန်တော်နဲ့ အတူ မရှိရင်တောင် သူ့ကို ပျော်စေချင်လားတဲ့? ဒါကို ကျွန်တော် တစ်ခါမှ မတွေးခဲ့ဖူးဘူး။ အီဗန့်ရဲ့ စားပွဲခုံ အလွတ်ကို စဥ်းစားကြည့်ရုံနဲ့ စိတ်က မသက်မသာ ဖြစ်သွားတယ်။ ကျွန်တော် ဘယ်လို ပြန်ဖြေသင့်လဲ? အီဗန် ဘယ်လိုတုံ့ပြန်မလဲလို့ ကျွန်တော် မြင်ယောင်ကြည့်ပေမဲ့ သူက ကျွန်တော် ပြန်ဖြေတာကို စောင့်နေမှန်း တွေးမိလိုက်တဲ့အခါ ပြန်ဖြေမိသွားတယ်။ ကျွန်တော့် အတွေးတွေထက် စိတ်က ပိုမြန်သွားတာပေါ့။

“အင်း”

“…”

အခု ကျွန်တော် ပြန်ဖြေလိုက်တာက မှားသွားပြီလား? အိုး ကျွန်တော် မှားသွားပြီ ထင်တယ်။ အီဗန်က လုံးဝကို အစောက အဖြေရဲ့ ဆန့်ကျင်ဖက် စကားကို ပြောစေချင်နေသလိုပဲ။ ကျွန်တော်တော့ အီဗန် အပြစ်ပေးတာ ခံရတော့မှာပဲ။ စကားပြောရင်းနဲ့ ကြားထဲမှာ တိတ်ဆိတ်သွားလေလေ၊ ကျွန်တော် စိတ်ပူလာလေလေပဲ။

“ဘာလို့ အဲဒီ့လို…”

“… ငါအဲ့ဒါကို သိပ်နားမလည်ဘူးဟေးလ်”

ခဏကြာတော့ အီဗန်က ပြန်ဖြေလာတယ်။ သူလည်းပဲ တစ်ခုခု မှားနေတဲ့ ပုံပဲ။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now