Part - {3}

5.3K 706 31
                                    

"အီဗန်...ငါ-ငါတို့ နှုတ်ခမ်းတွေ ထိသွားတယ်။"

"ဟုတ်လား? သတိမထားလိုက်မိဘူး။"

"မင်းရဲ့လက်ကို နည်းနည်းရွှေ့လိုက်ရင်...eeek!"

"အဲ့လိုထိုင်တာက အန္တရာယ်များတယ်။ ဒီကိုလာ။"

အီဗန့်ရဲ့ မျက်ဝန်းတွေထဲမှာ အပြုံးရိပ်တွေ အပြည့်နဲ့ သူ့လက်က ရွှေ့သွားတယ်။ ကျွန်တော့်ကျောရိုးဘက် တစ်လျှောက် သူ့လက်က အပေါ်တက်လာတော့ ကျွန်တော် အသက်ရှုမြန်လာတယ်။

"ဆက်သွားရအောင်။ ဒီတစ်ခုကို ဒီလိုဖြေရှင်းလိုက်ရင်..."

နူးနူးညံ့ညံ့အသံလေးက ကျွန်တော့်အတွေးတွေကို ဖြတ်တောက်လိုက်တယ်။ အီဗန်က ဘာမှမသိသလိုမျိုးနဲ့ သူ့ရဲ့ အနက်ရောင်မျက်ဝန်းတွေက ကျွန်တော့်ကို စိုက်ကြည့်နေတော့ ကျွန်တော်ကပဲ အကြည့်လွှဲလိုက်ရတယ်။ အဲ့လိုအကြည့်တွေကြောင့်ပဲ အရင်က ကျွန်တော်တို့ ခန္ဓာကိုယ်ချင်း အကွာအဝေးတစ်ခု ရှိကြပေမဲ့ အခု နီးနီးကပ်ကပ်နေနေဖြစ်တာကို ဘာမှ မပြောနိုင်တာ။ သူ့မျက်လုံးတွေက မင်းဘာကိုပြောနေတာလဲ ငါမသိဘူးဆိုပြီး ပြောနေတဲ့ အတိုင်းပဲ။

အစတုန်းက ဒီလို မဟုတ်ဘူး။ သာမန်သူငယ်ချင်းတွေ အခန်းဖော်တွေကြားရှိတဲ့ သင့်တော်တဲ့ အ‌ကွာအဝေးမျိုး သူထားသေးတယ်။ ဒါပေမဲ့ အခုတော့ လက်ချင်းယှက်တာကနေစပြီး အပျော်သဘော ခြေထောက်ချင်း တိုက်ကြတာကနေ နှုတ်ခမ်းချင်းထိတာတွေအထိ ဖြစ်နေပြီ။ စစချင်းတော့ ကျွန်တော်ကပဲ ဒီမတော်တဆတွေကို အရမ်းသတိထားမိနေတယ်ပေါ့။ ဒါပေမဲ့ ဒီမတော်တဆဆိုတာတွေက တစ်နေ့ကို အကြိမ်ရေ အများကြီးဖြစ်နေတာလေ။

"Ackk!"

သူ့လက်‌တွေက ကျွန်တော့်ခါးကို တင်းနေအောင် ဖက်လာတယ်။ အဲ့ဒီ့ ထူးဆန်းတဲ့အသံက ကျွန်တော့်‌ဆီက ထွက်လာတာ။ ကျွန်တော့်ကိုယ်ထဲမှာ မြင့်တက်လာနေတဲ့ အပူချိန်တွေက သူ့ခန္ဓာကိုယ် အေးစက်စက်ကြီးနဲ့ ထိတွေ့လိုက်လို့လေ။ ကျွန်တော်လန့်ပြီး ထရပ်လိုက်တော့ ကျွန်တော့် ထိုင်ခုံက ဒုတ်ခနဲမြည်ပြီး လဲကျသွားတယ်။

"ဘာဖြစ်တာလဲ? တစ်နေရာရာက နေလို့မကောင်းလို့လား?"

"အမ်...အိုး ငါကာမန်နဲ့ တွေ့မယ်ပြောထားတာကို သတိရသွားလို့"

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now