Part - {26}

2.5K 319 42
                                    

သူက ကျွန်တော့်ကို လှုပ်ရှားမရအောင် လက်ဖျံကို တင်းတင်းကိုင်ထားတယ်။ အဲ့ဒီ့နေရာက စောစောတုန်းက ရူဒယ်ဆုပ်ကိုင်ခဲ့တဲ့ နေရာပဲ။ အဲ့တာကြောင့် အနည်းငယ် ရင်ခုန်စွာနဲ့ နာကျင်မှုနဲ့အတူ ညည်းလိုက်မိသွားတယ်။

နူးညံ့တဲ့ လျှာဖျားလေးက ကျွန်တော့်ပါးစပ်ထဲ ဝင်လာတယ်။ သူက ကျွန်တော့်ပါးစပ်ရဲ့ အလယ်မှာ ချိုချဉ်လုံးလေးကို ချက်ချင်း တွေ့မှာပဲ၊ ဒါပေမဲ့ အီဗန်ရဲ့ လျှာဖျားက သွားတွေကို ပွတ်တိုက်ကြည့်ပြီးနောက် ပါးစပ်ထဲက တံတွေးထွက်တဲ့ အမြှေးပါးကို ပွတ်တိုက်လျက်လိုက်တယ်။ ဒီလိုထူးဆန်းတာကြီးကို မြန်မြန်ပြီးဖို့ ကြိုးစားတဲ့အနေနဲ့ ကျွန်တော် မျက်စိစုံမှိတ်ပြီး အီဗန်ပါးစပ်ထဲကို ချိုချဉ်ပြန်ထည့်လိုက်တယ်။

ဒါပေမဲ့ အီဗန်က ကျွမ်းကျင်စွာ ချိုချဉ်ကို ယူလိုက်ပြီး ကျွန်တော့်လျှာရဲ့ အောက်ဖက်နေရာအလွတ်ကို လှိမ့်ပို့လိုက်တယ်။ နူးညံ့တဲ့ တံတွေးထွက်စေတဲ့အမြှေးပါးကို ထိတွေ့လာတဲ့ ချိုချဉ်မျက်နှာပြင်က ကြမ်းတမ်းတယ်။ ကျွန်တော် အသက်ရှူထုတ်လိုက်ရင်း ကျွန်တော့်ရဲ့limitကို ဖော်ပြလိုက်တော့မှ အီဗန်က ပါးစပ်ထဲကနေ ချိုချဉ်ပြန်ယူသွားတယ်။ ဖြည်းဖြည်းချင်း ပြန်ကွာသွားတဲ့ နှုတ်ခမ်းတွေက အရည်ပျော်နေတဲ့ ချိုချဉ်ကြောင့် စေးကပ်စိုရွှဲနေတယ်။

"ဒါလည်း နည်းနည်းတော့ ချိုသားပဲ"

အစကတည်းက သေးတဲ့ချိုချဉ်က အခုလေးတင် လုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် ပိုသေးသွားပြီး အသံသေးသေးလေးပဲ မြည်လာတယ်။ ချိုချဉ်ကို ဝါးလိုက်ပြီး မြိုချလိုက်တဲ့ သူ့နှုတ်ခမ်းတွေက ပုံမှန်ထက် ရွှန်းစိုနေတယ်။ အီဗန်ရဲ့ လည်စလုပ်အထက်အောက် ရွှေ့လျားနေတဲ့ တစ်ချိန်ထဲမှာပဲ ချိုချဉ်ဝါးနေတဲ့အသံလည်း ပျောက်ကွယ်သွားတယ်။

အီဗန်က သူ့နှုတ်ခမ်းတွေကို လက်ဖမိုးနဲ့ သုတ်လိုက်တယ်။ တံတွေးပဲဖြစ်ဖြစ်၊ ချိုချဉ်က အရည်ပျော်လာတဲ့ အရည်ချိုချိုလေးပဲဖြစ်ဖြစ် အမျှင်တန်းက ပိုပြီး ရှည်လျားသွားတယ်။ သူ့ကို တိုက်ရိုက်ကြည့်ဖို့က ခက်ခဲတာမို့ ညာဖက်လက်ကို မြှောက်ပြီး မြင်ကွင်းကို ကွယ်လိုက်တယ်။ အီဗန်က ပြုံးလိုက်ပြီး လက်နဲ့ကာထားတဲ့ ကျွန်တော့်မျက်နှာကို ကြည့်လိုက်တယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now