Part - {92}

780 76 0
                                    

“ငါ မင်းကို သဘောကျတယ် အီဗန်။”

“မလုံလောက်သေးဘူး။”

ကျွန်တော် သဘောကျကြောင်း ဝန်ခံရတာ ကြာလာတော့ အလွန်ကို ရေဆာလာပေမဲ့ အီဗန်က ကျွန်တော် သူ့ကို သဘောကျတယ် ပြောလေလေ ပိုပြီး တင်းကြပ်လာလေလေပဲ။ သူ မကြားနိုင်တဲ့ တစ်စုံတစ်ရာကို ကြားလိုက်ရလို့ စိတ်တွေ ပျံ့လွင့်လာသလိုမျိုးလေ။ သူ့ကို ချစ်ပါတယ်ဆိုပြီး ဝန်ခံနေရင်တောင် အီဗန့်နားထဲ ဝင်သွားမယ် မထင်ဘူး။

အဲဒီ့လိုမျိုး တုံ့ပြန်လာတော့ ကျွန်တော့်မှာ ဒီ့ထက်ပိုပြီး ကောင်းလာအုန်းမှာလားလို့ တွေးမိတဲ့အထိ။ အီဗန်က တကယ်ပဲ ကျွန်တော့်ဆီက ဘာကို မျှော်လင့်နေတာလဲ? ကျွန်တော် မျက်ရည်တွေပါ ဝဲတက်လာလို့ မကျလာခင် မျက်လုံးမှိတ်ထားလိုက်တယ်။ အဲဒီ့တော့ အီဗန့်ဆီက ဗလုံးဗထွေးအသံကို ကြားလိုက်ရတော့တာပဲ။

“မျက်လုံးတွေ ဖွင့်ထား ဟေးလ်။ ဟေးလ်က ဘယ်သူ့ကို သဘောကျလဲဆိုတာ ပြောရင်းနဲ့ အလိုက်သိမှပေါ့။”

အဲဒီ့စကားလုံးတွေကြောင့် ကျွန်တော် မျက်လုံးဖွင့်ကြည့်လိုက်တယ်။ ကျွန်တော် ရှက်မိလို့ နီရဲနေတဲ့ မျက်နှာနဲ့အတူ အီဗန့်ကို ကြည့်လိုက်တယ်။ ပြီးတာနဲ့ မနည်းအားတင်းပြီး စကားလုံးတစ်လုံး ထပ်ပြောလိုက်တယ်။

“အီဗန်၊ ငါ မင်းကို ချစ်တယ်။”

“… အဲဒါ မဟုတ်ဘူး။”

သူ ဘာကို ဆိုလိုတာလဲကို နားမလည်တာကြောင့် ကျွန်တော့်အင်္ကျီစကိုပဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိလိုက်တယ်။ အီဗန်က ဒီအတိုင်းလေး တိတ်တဆိတ်နဲ့ ခဏလောက် နေပြီးတော့ အသာ စုပ်သပ်လိုက်တယ်။ အရဲစွန့်ပြီး ပြောနေသလိုမျိုး အားအင်မပါတဲ့ အမိန့်သံက ဗလာသက်သက်နဲ့ ထွက်လာတယ်။

“ဟေးလ် ပြုံးထား။”

အဲဒီ့လို ပြောရင်း အီဗန်က ကျွန်တော့်ကို ဖိထားပြီး ခေါင်းငုံ့လာတယ်။ အီဗန်ကသာ ကျွန်တော့်ကို သူ့ကိုပဲ တည့်တည့်ကြည့်ဖို့ ပြောထားပေမဲ့ အီဗန်ကျတော့ ကျွန်တော့်ကို သေချာ မကြည့်နိုင်ဘူး။ တစ်ခါတစ်လေ အနက်ရောင်မျက်ဝန်းတွေက ရက်စက်စွာ ဝေ့ဝဲသွားတတ်တယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now