Part - {6}

4.3K 620 28
                                    

ဖုန်းကို ပိတ်လိုက်တော့တယ်။မျက်နှာက တော်တော်ပူနေပြီလေ။ ပူလာသလို ခံစားရတော့ ပူတာပေါ့။ အဆိုးဆုံးက ကျွန်တော် စိတ်ရှုပ်နေပါတယ်ဆို ကာမန်က စိတ်ရှုပ်စရာတွေ ထပ်ပေးလိုက်သေးတယ်။ ခြုံထားတဲ့ စောင်ကိုပဲ ကန်‌ကျောက်ပစ်လိုက်တော့တယ်။

"ဟေးလ်"

ကျွန်တော် မသိလိုက်ခင်မှာပဲ ရေကျသံတွေ ရပ်သွားပြီး အဲ့ဒီ့အစား ခြုံစောင်အပြင်ဖက်ကနေ ကျွန်တော့်နာမည်ခေါ်သံ ကြားလိုက်ရတယ်။ စောင်ကို အောက်နည်းနည်းဆွဲချလိုက်ပြီး ခေါင်းလေး ဖော်ကြည့်လိုက်တော့ အီဗန်က ကျွန်တော့်ရှေ့မှာ ရေစိုစိုနဲ့ ရပ်နေတယ်။ သူ့ရဲ့ အသားဖြူဖြူလေးကို ညအိပ်ဝတ်စုံပါးပါးလေးကနေ ထိုးဖောက်မြင်နေရတယ်။ သူ့ရဲ့ ကပိုကရို ဆံပင်ကနေ ရေစက်တွေ တတောက်တောက်နဲ့ သူ့ရဲ့ခန္ဓာကောက်ကြောင်းတစ်လျှောက် ကျဆင်းသွားတယ်။ ကျွန်တော့်အကြည့်တွေကိုတောင် ဘယ်နားထားရမယ် မသိတော့ဘူး။

"ငါ့ဆံပင်ကို ခြောက်အောင် ရေသုတ်ပေးမလား?"

အီဗန်က ကျွန်တော့်ကို တစ်ခါတစ်လေ ဒီလိုလေးတွေ လုပ်ပေးခိုင်းတတ်တယ်။ ကိုယ့်ဘာသာလုပ်တတ်ရင် ဘာလို့လာမေးနေသေးလဲ?လို့ ကျွန်တော် မတွေးဖူးတာ မဟုတ်ပါဘူး။ အီဗန်က ကျွန်တော့်ပေါ်ကို ဇိမ်နဲ့ မှီနေတာလေးကို သဘောကျလို့ ခေါင်းငြိမ့်လိုက်တာ။

သူကမ်းလာတဲ့ ပုဝါကို ယူလိုက်တယ်။ အီဗန်က ကျွန်တော့် လက်မောင်းတွေကြား ထိုင်ဖို့ ကျကျနန နေရာယူလိုက်ပြီး ကျွန်တော့် ခြေထောက်ကြားမှာ ထိုင်ချလိုက်ကာ မှီချလိုက်တယ်။ ရေချိုးဆပ်ပြာနဲ့ အီဗန့်ကိုယ်သင်းရနံ့ ပေါင်းစပ်ပြီး ဆွဲဆောင်မှုရှိတဲ့ ရနံ့တစ်မျိုးလို ဖြစ်နေတယ်။

အရင်က ဒါမျိုးတွေ ကျွန်တော်ကောင်းကောင်း လုပ်ပေးနိုင်ပေမဲ့ ကျန်တဲ့ နေ့တွေထက် ဒီနေ့မှာတော့ကျွန်တော့်လက်တွေ တုန်ယင်နေတယ်။ ဘာလို့သူအဲ့လို ပြောရတာလဲ? ကျွန်တော်နဲ့ အီဗန်က တွဲနေတယ်လို့။ အခြားသူတွေက ကျွန်တော်တို့ကို အဲ့လိုပဲ မြင်ကြတာလား?

အီဗန့်ဆံပင်နက်နက်တွေကို ခြောက်အောင် လုပ်ပေးနေရင်း ကိုယ့်ကိုကိုယ် အရမ်း နေရခက်မနေအောင် မျက်စိတွေ တင်းတင်းပိတ်လိုက်တော့တယ်။ သူ့ဆံပင်တွေကို လက်ချောင်းနဲ့ ခြောက်အောင် ဖွလိုက်တဲ့အချိန် မျက်စိမှိတ်ထားမိလို့ ထင်ပါရဲ့ ကျွန်တော့်ရဲ့ အာရုံခံနိုင်စွမ်းတွေ ပိုပြီး စူးရှလာသလိုပဲ။ တစ်ခါတစ်လေ ‌ကျွန်တော့်လက်ချောင်းထိပ်တွေက သူ့ရဲ့ နူးနူးညံ့ညံ့ အသားအရည်ကို သွားသွားထိ‌မိနေတယ်။ သူ့ရဲ့ ခန္ဓာကိုယ် ပိန်ပိန်သွယ်သွယ်လေးက ကျွန်တော့်ကို မှီတွယ်နေတယ်။ ပြီးတော့ သူ့ရဲ့ လန်းဆန်းတဲ့ ရနံ့လေး။ ကျွန်တော် တောင့်မခံနိုင်တော့လို့ မျက်လုံးဖွင့်ကြည့်မိတော့။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now