Part - {95}

863 81 1
                                    

ထင်တဲ့အတိုင်းပဲ၊ အီဗန့်လက်က တဖြည်းဖြည်း မြှောက်တက်လာတယ်။ ကျွန်တော့်လည်ပင်းကို ပွတ်သပ်နေတဲ့ လက်က နူးညံ့နေတာပဲ။

ပြီးတဲ့နောက် ကလစ်ဆိုတဲ့အသံကိုပါ ကြားလိုက်ရတယ်။

အသံက လည်ပတ်ကို ဖြုတ်လိုက်တဲ့ အသံပဲ။ ခန္ဓာကိုယ်နဲ့ သဘာဝကျကျ အသားကျနေပြီဖြစ်တဲ့ လည်ပတ်က ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်။ လည်ပတ်ပတ်ထားတဲ့ အသားနေရာလေးပဲ ကွက်ဖြူနေတဲ့ ကျွန်တော့်အသားအရည်က အခုတော့ လေနဲ့ ပြန်ထိတွေ့ရပြီ။

“ငါက ဟေးလ်ကို ပျော်နေစေချင်တာပါ ဟေးလ်ရဲ့”

ဒါက ဘယ်လိုဖြစ်တာလဲ? ဘာလို့ အီဗန်က ဒီလိုတွေ လုပ်နေရတာလဲဆိုတာ ကျွန်တော် နားမလည်ဘူး။ သူက ဒီလည်ပတ်ကို လွှင့်ပစ်ပြီး အသစ်တစ်ခုနဲ့ လဲပတ်ပေးမလို့လား? ကျွန်တော် ဒီလို ထုတ်မေးရအောင်ကလည်း မကောင်းဘူး ဖြစ်နေတယ်။

“ငါက ဟေးလ်အနား မရှိရင်တောင် ဟေးလ်ကို ပျော်နေစေချင်တယ်။”

ကျွန်တော် လက်တွေ့လား၊ အိပ်မက်လားဆိုတာ မခွဲခြားနိုင်ဘဲ ကျွန်တော့်ပါးကို ကျွန်တော် ဆိတ်ကြည့်လိုက်တယ်။ ဒါပေမဲ့ စပ်ဖျဥ်းဖျဥ်း ခံစားမှုက လက်တွေ့ဆိုပြီး သက်သေပြနေတယ်။

“ဘာလို့ …”

အီဗန်က အိပ်ရာအောက်နားမှာ ဒူးထောက်လျက်သား ထိုင်နေခဲ့တယ်။ ဖြူလျော်ပြီး ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေက ပွင့်ဟ,လာတယ်။ ဒီနေ့က ဩဂုတ် ၃၁ရက်နေ့။ မူရင်းဝတ္ထုရဲ့ နောက်ဆုံးရက်။ မူရင်းအရဆိုရင် ‘မင်းငါ့ဆီက ပြေးလို့ မလွတ်ပါဘူး’ ဆိုပြီး အီဗန့်ပါးစပ်ကနေ ထွက်လာရမှာ။ ဒါပေမဲ့ အီဗန် ပြောလိုက်တာက လုံးဝကို ဆန့်ကျင်ဖက် ဖြစ်နေတယ်။

“ငါတောင်းပန်ပါတယ်။ ဟေးလ်ကို ချစ်တယ်နော်။”

သန်းခေါင်ယံ ခေါင်းလောင်းက မြည်သွားတယ်။ ကမ္ဘာကြီးက စတင်ပြီး ပြိုပျက်လာနေပြီ။ စက္ကူတစ်ရွက်ပေါ် အနက်ရောင်အရည်တွေ ပစ်စလက်ခတ် မှုန်းခြယ်လိုက်သလိုပဲ။ အီဗန် အရာအားလုံးကို လက်လျော့လိုက်သလိုမျိုး မချိပြုံး ပြုံးလိုက်တယ်။ သေဆုံးခြင်း တံခါးဝကို ဖြတ်ကျော်တော့မဲ့ လူတစ်ယောက်နဲ့တောင် တူနေတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now