Part - {9}

3.7K 557 13
                                    

အီဗန်က ရပ်တန့်သွားတယ်။ သူ့မျက်လုံးတွေက ဝိုင်းစက်လို့။ အဲ့တာကျမှပဲ ကျွန်တော် ဘာပြောလိုက်မှန်း သတိရတော့တယ်။

"မဟုတ်... အဲ့တာက... အမ်..."

"ငါပျော်လိုက်တာ"

အီဗန်ကို ကျွန်တော် ကြည့်လိုက်တယ်။ လရောင်နုနုလေးလို နူးညံ့တဲ့ အပြုံးလေးနဲ့ အီဗန်က ကျက်သရေရှိရှိနဲ့ ကြည့်ကောင်းနေတယ်။ ကမ္ဘာကြီး တစ်ခုလုံး ချိုမြိန်မှုကြောင့် အရည်ပျော်သွားသလိုပဲ။

"ဟေးလ်က ငါ့အကြောင်းကိုပဲ အမြဲတွေးစေချင်တာ"

သူ့အနိမ့်အမြင့်မရှိ အသံလေးက သားချော့တေးဆိုနေသလိုမျိုးပဲ။ ကျွန်တော် ပြုစားခံလိုက်ရသလိုမျိုး သူ့ကို ကြည့်လိုက်တယ်။

"ဘာလို့ဆို ငါကအမြဲ မင်းအကြောင်းပဲ တွေးလို့လေ"

"ဘာ?"

"ငါဘာလုပ်ရင် မင်းငါ့ကို ကြည့်နေမလဲ၊ ဒါမှမဟုတ် ဘယ်လိုဆိုရင် မင်းနဲ့ အကြာကြီး နေရမယ်တို့ပေါ့။ အဲ့တာမျိုးတွေလေ။"

"...မင်းအဲ့တာကို တည်တည်ငြိမ်ငြိမ်နဲ့ ပြောနေတာပဲ"

အီဗန် ဆည်းလည်းလေးလို ရယ်လိုက်သံကြောင့် ကျွန်တော့်နားရွက်ထိပ်လေးတွေ ရဲကုန်ပြီ။ အီဗန်သာ BLဝတ္ထုထဲက အောက်ပုဂ္ဂိုလ်သာ မဟုတ်ရင် shoujo manga(အဲ့တာက normal love storyတွေကို ခေါ်တာပါဗျ မသိတဲ့သူတော့ မရှိလောက်ဘူး ထင်ပါတယ်)တွေထဲက အဓိကဇာတ်ဆောင် ဖြစ်လောက်တယ်။ သူက ဒီလို ကလိကလိဖြစ်စေတဲ့ စကားတွေ ပြောတဲ့နေရာမှာ ကောင်းတယ်ရော။ သူက ဒီလောက်တောင် ပွင့်လင်းတာလား? သူကအမြဲ ဒီလိုပဲလား?

"အဲ့လို အရမ်းမရယ်ပါနဲ့"

"ဘာလို့လဲ? မင်းရှက်လို့လား?"

"...မဟုတ်ပါဘူး"

ကျွန်တော် မသိလိုက်ခင်မှာပဲ စကားတွေ ထွက်သွားပြန်ပြီ။ အီဗန်က ကျွန်တော့်ကို စိတ်ကောက်နေတဲ့ ကလေးကို ချော့မြူနေသလိုမျိုး ကျွန်တော့်နောက်ကျောကို ပုတ်ပေးလာတယ်။ အီဗန်က ကျွန်တော့်အကြောင်းအကုန် သိသလိုမျိုး ရင်းရင်းနှီးနှီး ချော့မြူလာတာမျိုးကို မုန်းတယ်။ ဒါပေမဲ့ သူအဲ့လို ထိ‌တွေ့လာတာမျိုးကို သာယာနေတဲ့ ကျွန်တော့်ကို ကျွန်တော် ပိုမုန်းတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now