Part - {14}

3.4K 459 37
                                    

အချိန်ကြာ စောင့်နေခဲ့ရတဲ့ တနင်္လာနေ့ ရောက်လာခဲ့ပြီ။ ကျောင်းက စာရေးခုံတွေက ကောင်းပါတယ်။ ကျွန်တော် ခုံရဲ့ သစ်သားမျက်နှာပြင်ကို ထပ်ပြီး ခပ်ဖွဖွ ထိလိုက်တယ်။ အဆောင်ခန်းထဲမှာ အီဗန်နဲ့ ‌နှစ်ယောက်ထဲ ရှိနေရတဲ့အချိန်တွေက မွန်းကြပ်လွန်းတယ်။ ကာမန်နဲ့ ဖုန်းပြောပြီးတော့ အီဗန်က ကျွန်တော့်ကို ထပ်နမ်းဖို့ မပြောတော့ပေမဲ့ ကျွန်တော်တစ်ယောက်ထဲ စိတ်လှုပ်ရှားနေရတာ။ ဖုန်းပြောပြီးနောက် လေထုအခြေအနေက ထိုးကျလာပြီး ကျွန်တော် ကောင်းကောင်း မအိပ်နိုင်တော့ဘူး။

ကျွန်တော် မှတ်မိတာကတော့ မနေ့ညက ကျွန်တော် အီဗန်ကို နမ်းမိတော့မလို့။ အခုဆို ကျွန်တော်ကိုယ်တိုင်တောင်မှ သူနဲ့ သူငယ်ချင်းတွေအဖြစ်ပဲ နေချင်သလား၊ ဒါမှမဟုတ် ပိုနက်ရှိုင်းတဲ့ ဆက်ဆံရေးဖြစ်ချင်သလားဆိုတာ မသိတော့ဘူး။ ကျွန်တော် ဒီလို မလုပ်သင့်ဘူးဆိုတာ သိပေမဲ့ ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့ ခက်လွန်းတယ်။ အဲ့တာကြောင့်မို့ ဒီရက်တွေမှာ အီဗန်နဲ့ မျက်နှာခြင်းဆိုင်ဖို့ရာ အခက်တွေ့နေတာပဲ။

ဒါ့အပြင် မနေ့ညက အီဗန်အခြေအနေကို ကြည့်ရတာ ထူးဆန်းတယ်လို့ ခံစားရတယ်။ အဲ့တာက ကျွန်တော်သိထားတဲ့ မူလအီဗန်ပရီစတင်နဲ့ မတူသလိုပဲ။ မရင်းနှီးတဲ့ စကားတွေကို ဆက်တိုက်ပြောနေပြီး လေထုအခြေအနေကလည်း ထူးဆန်းတယ်။ ကျွန်တော် ရုတ်တရက် လိုချင်သွားတယ်လို့ ပြောဖို့ရာက ပုံမှန်ပါပဲ။ ပြီးတော့ ကျွန်တော် လိုချင်ရင်တောင် အဲ့ဒီ့လိုချင်တဲ့ နည်းလမ်းပုံစံကို စဉ်းစားတဲ့နည်းက တစ်နေရာရာမှာ မြင်ဖူးသလိုပဲ*။
(Note - တိုင်တွေ စပယ်ရှယ်ပတ်ပဲ။ ပြောချင်တာက မနေ့ညက အီဗန် ဟေးလ်ခြေထောက်ကို ဆွဲလို့ ဘာညာဘာညာ နေကြာကွာစေ့ ပြောတာတွေကို မြင်ဖူးသလို ပြောတာပါ။ အဲ့နားကို လည်နေတာ တစ်ညနေလုံးပဲT T)

ကျွန်တော့်အမူအကျင့်တွေ ပြောင်းလဲသွားတာကို သူသတိထားမိပြီးနောက် သူ့ကိုကြည့်ရတာ အဆင်မပြေဖြစ်နေပုံပဲ။ အခုတောင် ကျွန်တော့်ဘေးကခုံမှာ ထိုင်နေရင်း ပုံမှန်တဲ့ တည်ငြိမ်နေတဲ့မျက်နှာနဲ့ ကျွန်တော့်ကို စိုက်ကြည့်နေတာ။ ကျွန်တော် တမင် အီဗန်နဲ့မျက်လုံးချင်းမဆုံအောင် နေပြီး စာအုပ်ဖွင့်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော့်အာရုံတွေကတော့ သူ့ဆီမှာ။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now